Dromထဲကို နွမ်းနယ်နေပုံနဲ့ဝင်လာတဲ့ chanyeolကိုကြည့်ပြီး ကျန်တဲ့သူတွေဘာမှမမေးကြ။ chanyeol ဘာဖြစ်လာလဲသူတို့သိသည်လေ။
လေဆိပ်က ကိစ္စကိုသူစိတ်ညစ်လာတာ။
*chanyeol ဒါလေးသောက်လိုက်*
Chanyeolက လေဆိပ်ကထွက်လာကတည်းက ပြန်လာနေပြီဟု msgပို့၍ ချက်ချင်းထဖျော်ကာ ရေခဲသေတ္တာထဲထည့်ထားသည့် သံပုရာရေခွက်ကို kyungsooက လှမ်းပေးသည်။ပုံမှန်ဆို chanyeolက ဖုန်းဆက်ပေမယ့် သူစိတ်မကြည်တဲ့အချိန်တွေ စိတ်ညစ်နေတဲ့အချိန်တွေဆို msgပဲပို့တတ်သည်။ သူ့အသံမကောင်းရင် စိတ်ပူနေမှာစိုးလို့တဲ့။
ကျန်တဲ့အချိန်တွေ အနားမှာရှိမပေးနိုင်ရင်တောင် chanyeolလူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတဲ့အချိန်တော့ chanyeolနားမှာသူနေချင်သည်။
Chanyeolကစိတ်နုတယ်။ Lတွေကိုလဲအရမ်းချစ်တာ။ သူ့Ig postအောက်မှာ negative cmtတွေရေးနေကြတယ်ဆိုပြီး baekhyunပြောပြတုန်းက သူchanyeolကိုအတော် စိတ်ပူမိသေးတာ။
အခုလဲ စိတ်ဓာတ်ကျနေတဲ့မျက်နှာနဲ့ ဘာတစ်ခွန်းမှမပြောဘဲ သံပုရာရည်ကိုသောက်ပြီး ခွက်ပြန်ပေးသွားကာ အခန်းထဲဝင်သွားလေရဲ့။
အနောက်ကလိုက်သွားကြည့်တော့ အဝတ်အစားတောင်မလဲဘဲနဲ့ အိပ်ယာပေါ်မှာမှောက်လျက်ကြီး။
*Wuri Channieလေး ပင်ပန်းလာတာပဲ။ သွားရေသွားချိုး ညစာစားမလား ငါပြင်ပေးထားမယ်။ သွား သွား တစ်ကိုယ်လုံးချွေးနံ့တွေနဲ့*
မှောက်လျက်ကြီးလုပ်နေတဲ့ chanyeolကို အတင်းဆွဲထူပြီး အင်္ကျီတွေဆွဲချွတ်ပေး ဆံပင်လေးတွေကိုဆွဲဖွပေးပြီးပြောနေတော့ ကုတင်ပေါ်မှာထိုင်လျက်ကနေ မတ်တပ်ရပ်နေတဲ့ သူ့ကို ခါးကနေဆွဲပြီး ဗိုက်ကိုမျက်နှာနဲ့အပ်ထားတယ်။၅မိနစ်လောက် ဘာမှမပြောဘဲ chanyeolဆံပင်လေးတွေကိုဆွဲဖွပေးနေလိုက်သည်။ ပြီးတော့မှ သူ့ကိုဖက်ထားတဲ့ chanyeolကိုအသာတွန်းထုတ်ရင်း

YOU ARE READING
Behind the moments
Non-Fictionfiction မဟုတ်ပါ။ momentတွေကိုအခြေခံပြီးရေးမယ်။ momentတစ်ခုထွက်ရင် တစ်ခါupdateမယ်။? ဘယ် otp ကိုမှထိခိုက်စေလိုချင်း အလျင်းမရှိပါ။