ကျွန်တော့နာမည် Choi Minho ပါ
Choi Vehicles Corporations ရဲ့ MD အနေနဲ့ အဖေ့အရိုက်အရာ ဆက်ခံခဲ့တာ 10 နှစ်လောက်တော့ရှိပြီပေါ့ဗျာ
အခု ကျွန်တော့ အသက်က 35 ပြီးတော့ကျွန်တော်က အချစ်ရေးအတွက် ရင်ခုန်ဖို့ အချိန်မရှိတဲ့ လူပျိုသိုးကြီးတစ်ယောက် ဆိုပါတော့
ကျွန်တော့ရဲ့ နေ့ရက်တိုင်းက အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် ဒီလိုနဲ့ ပဲလည်ပတ်နေခဲ့တာပေါ့
အခုလည်း ကျွန်တော်ရုံးသွားဖို့ ရေမိုးချိုးပြင်ဆင်နေတာလေ
ကျွန်တော့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း စိုစွတ်နေတဲ့ ဆံပင်တွေကို သုတ်သင် အခြောက်ခံဖို့ ဝရံတာဘက်ထွက်ခဲ့လိုက်တယ်
ကျွန်တော့ရဲ့နှစ်ထပ် အိမ်လေးက ခြံရဲ့ အရှေ့ဘက်တိုးပြီး ဆောက်ထားလို့ ဝရံတာဘက် ထွက်လိုက်ရင် လမ်းမကိုမြင်နေရပြီး လမ်းသွားလမ်းလာတွေကိုလည်း အကဲခတ်နိုင်တဲ့အနေအထားပါ
ခေါင်ကိုတပတ်နဲ့လုံးထွေးသုတ်နေရင်း ကျွန်တော့နှာခေါင်းထဲ ဝင်လာတဲ့ စတော်ဘယ်ရီနံ့သင်သင်းလေး
သင်းသင်းလေးနဲ့ ဖမ်းစားနိုင်လွန်းတဲ့ အနံ့လေးကြောင့် ကျွန်တော် အနံလာရာနေရာလေးကို လှမ်းကြည့်မိတယ်
တက်ကြွနေတဲ့ခြေလှမ်းများနဲ့ အဝတ်အစားကလည်း ကပိုကရို တို့လို့တွဲလောင်း အခုခေတ်အနေနဲ့တော့ ခေတ်ဆန်သည်ဟုခေါ်နိုင်သည့် အပြင်အဆင်နဲ့ ကောင်လေးတစ်ယောက်ကိုကျွန်တော့ခြံထောင့်အစွန်းလေးကနေ တစ်လှမ်းချင်း စတင်လှမ်းလျောက်လာသည်ကို ကျွန်တော်မြင်လိုက်ရသည်။
ကျွန်တော့ နဲ့ နီးကပ်လာလေ သူ့အနံ့လေးထက် သူ့မျက်နှာလေးကပိုဆွဲဆောင်မှု ရှိနေသည်ကို သတိထားမိသည်။
မျက်ခုံး မျက်လုံး နှုတ်ခမ်း နဲ့ ဝင်းမွတ်နေတဲ့ အသားလေးက အပြစ်ပြောစရာ တကွက်မရှိလောက်အောင် ဆွဲဆောင် မှု အပြည့်နှင့်
ကျွန်တော့ အိမ်ရှေ့တည့်တည့်အရောက် သူကလည်း ပြန်လှမ်းအကြည့်နဲ့မို့ ကျွန်တော် အလျင်အမြန် မျက်နှာလွှဲလိုက်မိသည်