.04

541 61 20
                                    

Katherine တစ်ယောက် … ကျောင်းရဲ့အနီးနားက Cafe တစ်ခုမှာထိုင်ရင်း Minor class ရဲ့ assignment ကို ရေးနေမိတယ် ။ ကြွက်သိုက်သာသာအိမ်မှာပြန်ရေးဖို့က သန့်ရှင်းရေးလုပ်ချိန်မရသေးလို့ အိပ်ဖို့ကျောတစ်ခင်းစာတောင် မနည်းဖယ်ယူထားရသည်လေ ။ ဒါကြောင့် မိုးခိုရင်း Cafe ထဲအေးအေးလူလူလာနေပြီး assignment လက်ကျန်လေးကို အပြီးသတ်နေမိတယ် ။ ear phone ထဲ volume မြင့်မြင့်နဲ့ repeat လုပ်ထားမိတာက Dance of the sugar plum fairy တေးသွား … …

* ဒီသီချင်းက ဘာလို့ ? *

ညစ်ညူးစွာဖြင့် ခေါင်းထဲတိုးဝင်လာသည့် အတွေးလာတစ်ခု ။ ထိုအချိန်က Eilia ရဲ့ မျက်နှာလေးကို သူမ ပြန်မြင်ယောင်နေမိတယ် ။

* တကယ်ပဲ ဘာလို့ ? *

" ဟိတ် ! ကိုယ် ဒီနေ့နောက်ကျမယ် … စောစောလာပြီး ကိုယ့်ပီယာနိုနဲ့ကျောင်းကစာတွေ practice လုပ်ချင်လုပ်နေ "

မြင်ကွင်းထဲဖြတ်ခနဲပေါ်လာတဲ့ Eilia ကြောင့် Katherine မျက်နှာက ရှက်သွေးဖြန်းသွားခဲ့ရတယ် ။ မျက်နှာချင်းဆိုင်ခုံမှာ ပိုင်စိုးပိုင်နက်ဝင်ထိုင်ရင်း Menu card ကြည့်နေတဲ့ Eilia ကတော့ သူမရဲ့အဖြစ်ကို မြင်သွားပုံမရ ။

" ဒီဆိုင်က Espresso ကောင်းလား ? "

" ဟင် ? အဲ့လောက်ခါးတာကြီးကို ဘာလို့ ? သောက်နေကြလား ? "

" ဟင့်အင်း … အခုမှစသောက်ကြည့်မလို့ ။ ဘာပဲဖြစ်ဖြစ် သောက်မဲ့သောက်တော့ Espresso လောက်က စသောက်မယ်လေ … smart ကျတာပေါ့ "

" … … … "

Katherine တစ်ယောက် ဘာစကားမှဆက်မပြောနိုင်တော့ ။ သူမကတော့ သူမရှေ့ရောက်ချလာတဲ့ ခပ်မည်းမည်းကော်ဖီတွေကို စူးစမ်းနေလေရဲ့ …

" ပူလိုက်တာ !! "

Eilia ကသောင်းကနင်းနိုင်စွာ လျှာတွေဘာတွေထုတ် လက်တကားကားဖြင့် စက္ကန့်ခဏလောက်ဖြစ်ပြီးမှ သူမရှေ့က Katherine ကိုသတိရကာ အိနြေ္ဒပြန်ဆယ်တယ် ။ Katherine မှာလည်း ရယ်ချင်စိတ်ကို အောင့်အီးသည်းခံရင်း assignment ကိုသာ ကုန်းရေးနေရတယ် ။

" ကျောင်းက ဒီနားမှာလား ? "

" အင်း … "

" ဒီနေ့ ညနေအလုပ်ဆင်းမှာမို့လား ? "

Dance Of The Sugar Plum FairyWhere stories live. Discover now