Hunလည်းLuရဲ့လက်လေးကိုတွဲကာခန်းမ
ထဲခေါ်သွားလေသည်။ သူတို့နှစ်ယောက်ပါတီခန်းမထဲရောက်ပီ မကြာမီ မီးတို့ရုတ်တရက်ပျက်သွားလေသည်။
"O-o ဘာဖြစ်တာလဲ"
"အေးဟယ် ဟုတ်ပါ့ ဘာဖြစ်တာလဲ မသိဘူး"
လူတွေတစ်ယောက်တစ်ပေါက်ပြောနေကြစဉ်
ရုတ်တရက်နေရာလေးတစ်ခုဆီသို့ မီးအလင်း
ရောင်လေး ကျရောက်လာခဲ့သည်။ထိုအလင်းရောင်နှင့်အတူ လူငယ်တစ်ယောက်ပါဝင်ရောက်လာခဲ့သည် ထိုလူငယ်ဝတ်ထားပုံမှာ အ
နောက်တိုင်းဝတ်စုံကို သေချာကျနစွာဝတ်ထား
လေသည်။သူက Sehunရဲ့အတွင်းရေးမှူး
လေး သူ့ဆရာနှစ်ယောက်ကို မျက်နှာတစ်ချက်
အညိုးမခံသူ သူက Eil Young Suu
"ကဲ အားလုံးပဲ မင်္ဂလာပါခင်ဗျာ""👏👏👏👏"
လက်ခုပ်သြဘာများချီးမြှင့်လိုက်ကြပီး ငြိမ်ကျသွားလေသည်။"ကျွန်တော်တို့ရဲ့ Moon lightနဲ့ ZE:A
ပေါင်းစည်းမှူလက်မှတ်ထိုးပွဲအောင်မြင်သော
အထိမ်းမှတ် အနေနဲ့ အားလုံးစောင့်မျှော်နေကြတဲ့ Dancing Timeရောက်ရှိလာပါပီး"Eii Young Suuရဲ့စကားအဆုံးမှာ ပရိတ်သတ်တွေရဲ့လက်ခုပ်သံနှင့်အတူ မြူးမြူးကြွ
ကြွ DJသံပါထွက်ပေါ်လာသည်။"Lu ကိုယ်တို့သွားကရအောင်"
Luခေါင်းခါပြလိုက်သည်။ သို့သော်Baekရဲ့
ဆွဲခေါ်ခြင်းကို ခံလိုက်ရသောLu လူအုပ်ထဲသို့
Baekနဲ့အတူ ရောက်သွားသည်။ သံစဉ်က
မြူးသည်ထက်ပိုမြူးလာသည် ထို့အပြင်
ရှန်ပိန်သောက်ထားသော Hyung Sik
လည်းမူးသည်ထက် ပိုမူးလာသည်။ ဒါကို
Hunကသိလိုက်တော့ Luကို သူ့ရင်ခွင်ထဲရောက်လုနီးနီး ဖြစ်အောင်ထားလိုက်သည်။Hyung Sikစိတ်တွေကိုDJသံစဉ်တွေက
နှိုးဆွပေးနေသလိုပင်။ မျက်ဝန်းတွေကလည်းရီ
ဝေနေသည်မှာ အမှန်ပင်။ ဘေးနားတွင် သူ့ရဲ့
အသစ်စက်စက် ကောင်မလေး Sue Youngခင်ဗျာ မနိုင်တနိုင်နှင့်တွဲထားသော်လည်း တွဲထားသောလက်ကိုပစ်ချလိုက်ကာ
ခြေလှမ်းတွေက Luဆီသို့ဦးတည်ကာသွားနေလေသည်။Hun လည်း ဘာလုပ်လို့လုပ်ရမည်ကိုမသိပါချေ။
Hyung Sikခြေလှမ်းတွေ Luနားလေရောက်တော့ ရပ်တန့်သွားကာ Luရဲ့ပါးလေးနှစ်ဖက်ကိုညှစ်ကိုင်သလိုကိုင်ထားသည်
