11 : 11
11 : 11ဆိုတာ သာမန်လူတွေအတွက်
ပုံမှန် I miss youဆိုပြီး ပြီးသွားတတ်ပေမဲ့
ကျွန်တော်တို့အတွက်တော့......
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်သင်္ကေတတစ်ခု...
ကျွန်တော်တို့နှစ်ယောက်လုံးက မွေးနေ့တွေပေါင်းလိုက်ရင်
11ဖြစ်သွားကြတာ..........အခုလည်းနှစ်တစ်နှစ်ရဲ့11ရက်.11လ ဆိုတဲ့အချိန်ကို
ရောက်လာပြန်လေပြီ......အဲ့နေ့လေးမှာဘဲ
လွမ်းဆွတ်ခြင်း ကြေကွဲခြင်း မေ့မရနိုင်ခြင်းတွေဖြစ်ပေါ်စေခဲ့တာ........11.11.2017ကနေ11.11.2018ဆိုပြီး
တစ်နှစ်တိတိပြည့်သွားခဲ့ပေမဲ့
ကျွန်တော် သူ့အပေါ်ချစ်တဲ့ချစ်ခြင်းတွေက
ပြောင်းလဲခြင်းမရှိပါဘူး....
ထာဝရပြောင်းလဲသွားမှာလဲ မဟုတ်ဘူး........အတိတ်တစ်ခု.....ပျော်ရွှင်စရာတွေရှိခဲ့ဖူးပေမဲ့
သူ့ကို ကျွန်တော်စိတ်ဒဏ်ရာတွေ ပေးခဲ့ဖူးတယ်
အဲ့အတိတ်တွေကို မလိုချင်တော့ပေမဲ့......
သူပါဝင်နေတဲ့ အတိတ်တွေကို ကျွန်တော်မေ့မရနိုင်ခဲ့ဘဲ
ပြန်လည်လွင့်မျောသွားရလေသည်.............>>>Flash back <<<
"Yeol ထတော့ ထတော့ဆို......."
"ဟင် .....အင်း........"
"Park Chanyeol.....ငါမြွေယူလာတယ်နော်..."
"အမ် တကယ်လား ထပြီ ထပြီ...."
ပြောရင်းငေါက်ခနဲထထိုင်လိုက်သည်........
"စတာ မပါလာဘူး....မင်းဘဲဒီနေ့
ရေခဲမုန့်လိုက်ဝယ်ကျွေးမယ်ဆို.......""အေးလေ ရေခဲမုန့်သွားစားဖို့ကို စောစောစီးစီးနှိုးရလား
ကျောင်းကပြန်လာမှ လိုက်ပို့မယ်......""အဲ့ဒါဆိုလည်း ကျောင်းသွားဖို့ပြင်တော့.....
အောက်မှာ Ommanieက မနက်စာပြင်ထားတယ်..""Oki....အဲ့တာဆို စောင့်နေလေ ငါရေချိုးလိုက်ဦးမယ်"
ရေချိုးပြီးထွက်လာတော့ သူမရှိတော့ပါ
ကျွန်တော်ရဲ့အခန်းလေးကိုတော့ရှင်းပေးသွားခဲ့တယ်.....