5720182022N

11 4 2
                                    

ဘာလို့လဲ တဲ့
မေးခွန်းအဆုံးမှာ ပြုံးလိုက်မိတယ်

ဟုတ်တယ် ပြောင်းလဲသွားတယ်
မျက်လုံးချင်းဆုံပြီးမှ စကားပြောတတ်တဲ့ ကျနော်ဟာ
ဓါတ်ပုံလေးတစ်ပုံရိုက်ရင်တောင် ကင်မရာနဲ့
မျက်လုံးချင်းဆုံတဲ့အကြည့်မျိုး မကြည့်နိုင်တော့ဘူး။

အကြည့်တွေထဲကနေ အဖြေရှာရတာမျိုးတွေကို
စိတ်ကုန်သွားတာလည်း ဖြစ်နိုင်သလို
အကြည့်တွေကတစ်ဆင့် ကိုယ်ယုံခဲ့တာတွေကပဲ
လှည့်စားခံခဲ့ရတာကို ကြောက်သွားတာကြောင့်လည်း ဖြစ်မှာပေါ့။

ဒါမှမဟုတ်
ကိုယ့်ခံစားချက်တွေကို ဘယ်တော့မှ မြင်သာခွင့်
မပေးချင်တော့တာကြောင့်လည်း ဖြစ်နိုင်တယ် လို့
အပြုံးနဲ့ ပြန်ဖြေလိုက်တယ်။
.
ဘယ်သူ့ကိုမှ မယုံတော့တာက ဖြစ်သင့်ရဲ့လား တဲ့
အယုံကြည်ရဆုံးလူဆီက ခင်ဗျားအလိမ်ခံရဖူးရင်တော့ ဒီမေးခွန်း ဘယ်မေးမှာလဲဗျာ ဆိုတော့
.
ဒါတောင် ခပ်ပြုံးပြုံးပဲနော် တဲ့

(လွယ်ပါတယ် ပြုံးရတာ
ခံစားချက်တွေ ပေါ့သွားအောင်သာ
ကျနော် ငိုပစ်တတ်ချင်တာ၊ မငိုတာ အတော်ကိုကြာနေပြီ)
.
မေးခွန်းမဟုတ်တဲ့အတွက် စိတ်ထဲကပဲ ပြောလိုက်မိတယ်။
မျက်လုံးချင်းဆုံ,မပြောရင် ခင်ဗျားလည်း ယုံမှာမဟုတ်မှန်း ကျနော် သိတယ်လေ။          ။

Why Hurt..Where stories live. Discover now