U are my GoalPost

257 9 0
                                    

2Min Rated M *20+*

><><><><><><><><><><><><><><

ဘယ်သူကထင်မလဲနော်.....မိုးရွာနေတဲ့ နေ့ ခင်းအချိန်မှာ သူတို့ ၂ယောက်စတွေ့ ခဲ့ကြမယ်ဆိုတာကို...

ခုချိန် မိုးရွာနေတာလည်း တူတူဘဲ.... သူနဲ့ ရှိနေရတာလည်း တူတူပါပဲ... တစ်ခုဘဲ ကျွန်တော်တို့ အရင်ကထက် သိပ်ကို နီးကပ်နေကြတယ်....

သူ့ လက်မောင်းကို ခေါင်းအုံးရတိုင်း Gym သေချာဆော့ထားတဲ့ သူ့ ကို စိတ်ထဲကနေ ကျေးဇူးတွေ တင်ဖူးတယ်...

'' argh.... onn...... Minh..."

မိုးရေတွေ တောက်တောက် မြည်အောင် ပြတင်းပေါက်မှန်ကို အဆက်မပြတ် ရိုက်ခက်နေသည့်တိုင် စောင်ပုံတွေကြားထဲက ကျွန်တော့်ကို သူ အနမ်းမပြတ်နိုင်ခဲ့...

"Tae လေးနဲ့ ...... အမြဲတမ်း ဒီလိုလေး အတူတူနေချင်လိုက်တာ..."

Minho လက်တွေက ကျွန်တော့်လက်တွေကို အုပ်မိုးကိုင်ထားရင်း မေးသောကြောင့် ဘယ်အရာကို အာရုံစိုက်ရမှန်းတောင် မသိခဲ့ပါ...

အိပ်ရာထဲက ကျွန်တော်ဖွထားတဲ့ ဆံပင်စုတ်ဖွားလေးနဲ့ အိပ်ချင်မူးတူး Minho ရုပ်လေးက ရင်ခုန်သံတွေကိုတောင် ပိုပြီး နှိုးဆွပေးနေသယောင်...

"Hyung.... ကျွန်တော်တို့ မနေ့ ကမှ လက်ထပ်ထားတာလေ..."

Minho လည်ပင်းကို သိုင်းဖက်လိုက်ပြီး ရှက်စိတ်ကို ဖုံးကွယ်ထားလိုက်ချင်သည်...

လက်ထပ်လက်စွပ် မောင်းကွင်းလေးကို ကြည့်တိုင်း အစ်ကိုတစ်ယောက်လိုကော ချစ်သူတစ်ယောက်လို အပြင် အခုလို ယောက်ျားတစ်ယောက်အနေနဲ့ ပါ Minho နဲ့ တူတူရှိခွင့်ရတဲ့ အချိန်တွေဟာ သိပ်ကို တန်ဖိုးရှိလွန်းပါတယ်...

"ရုံးသွားရတော့မယ်မလား.... "

မခွဲချင်လို့ ဖက်ထားရင်းပင် အရှက်ပြေမေးလိုက်သော်လည်း Minho ကတော့ သူ မေ့နေတာကို သတိပေးလိုက်သလိုပဲ ဆက်ကနဲ ဖက်ထားတာကို ခွာပြီး

"အော်...ဟုတ်သားပဲ..."

Taemin မျက်နှာမြင်ပြီး မေ့သွားတာကိုတော့ Minho က Taemin ရှက်မှာစိုးလို့ ထည့်မပြောချေ..

Pleasure World CupWhere stories live. Discover now