သတိရစိတ်ကငါ့တကိုယ်လုံးအနှံ့ပါပဲ။
ပျော်ရွင်ခြင်းကမင်းလိုပဲ
ငါ့လက်ထဲကနေကျပျောက်သွားတယ်။
အရေးမပါဘူးလို့ပြောပြီးမင်းကိုချစ်နေရတာ
သိပ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်။
Rio(ရီယို)ရေ
ငါ့ကိုဂရုစိုက်ပါ။
သနားပါ။
ထွေးပွေ့ပါ။
အစာကျွေးပါ။
ပြီးတော့ ဖြည်းဖြည်းချင်းပဲစွန့်ပစ်ပါ။
မင်းလောက်ဘယ်အရာမှ
အနာတရမဖြစ်စေတာသေချာတဲ့အခါ
ဓားတွေကိုခပ်ဝေးဝေးလွှင့်ပစ်လိုက်တယ်။
သတိရစိတ်ဟာငါ့တကိုယ်လုံးအနှံ့။