12-ဘုရင့်အရှုပ်တော်ပုံ

11.7K 1.2K 41
                                    

12-ဘုရင့်အရှုပ်တော်ပုံ ( Zawgyi )

"အရှင်မင်းကြီး ! ကျွန်တော်မျိုးကိုစောင့်ပါဦး!"

နန်းတွင်းတစ်ခွင်လုံး ကြားရလောက်အောင် အော်ဟစ်နေတဲ့ အိုဘို ကြောင့် မြို့ရိုးဘက်ကိုသွားနေတဲ့ အပြင်ဝတ်နှင့် အရှင့်ခြေလှမ်းတို့ ရပ်တန့်လိုက်ရတော့သည်။

ဘာပဲပြောပြော ငါဟာ ဧကရာဇ်တစ်ပါးပဲ~~ဒီလောက်လေးကို ရှက်မနေသင့်ဘူး~~ဟုတ်တယ်……ကိုယ်တော်မရှက်ဘူး……

အရှင်မင်းကြီးမိမိကိုယ်ကို နှစ်သိမ့်ပြီးနောက်အူယားဖားယားနဲ့ ပြေးလိုက်လာတဲ့ အိုဘို ကို လှည့်ကြည့်လိုက်သည်။

"အရှင်~~~ဟောဟဲ~~အရှင်ပဲပြောတော့ ကျွန်တော်မျိုးက အရှင်နဲ့ခြေငါးလှမ်းမကွာရဘူးဆို……?ဘာကြောင့်……မစောင့်တာပါလဲ……? "

"ဆွန်ဟွာ လို့ခေါ်တဲ့ စုန်းမကိုသွားတွေ့မယ်။မောင်မင်း ဝတ်ရုံသွားလဲခဲ့ပါ……ကိုယ်တော်တို့သရုပ်မှန်ကို 'ဆွန်ဟွာ'မသိစေနဲ့…မြို့ထဲရောက်ရင် ကိုယ်တော်ဟာ မောင်မင်းရဲ့ သူငယ်ချင်းပဲ……"

"မှန်လှပါအရှင်……ဝတ်ရုံကို ကျွန်တော်မျိုး'ယွန်' အိမ်တော်ရောက်ရင် ဝင်လဲပါရစေ……"

"ကောင်းပြီ~~~သွားကြစို့~~"

~~~~ဘုရင့်အရှုပ်တော်ပုံ~~~~

ဟန်ရန် မြို့တော်ရဲ့ အထင်ကရနေရာတစ်ခု……

တိတိကျကျဆိုရသော် ဆွန်ဟွာ အမည်ရှိ အနာဂတ်ဟောနိုင်သူ စုန်းမတစ်ဦး၏ နေအိမ်အရှေ့၌……

ခဲရောင်ဝတ်ရုံနှင့် သားနားခန့်ချောလှသော လူကြီးမင်းတစ်ဦးနဲ့ စိမ်းပုပ်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လုံးတစ်နေသည့် လူငယ်တစ်ဦးတို့ ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် မှောင်ရိပ်ကွယ်ကာ ရပ်နေကြသည်။

"မမေ့နဲ့နော် ~~ဒီနေရာမှာငါတို့က သူငယ်ချင်းတွေပဲ~~~"

"ဟုတ်ကဲ့ပါ~~မင်းကြီး~~"

"ရူးနေလား…?ငါ့ကိုအဲ့လိုမခေါ်နဲ့လေ~~"

ခပ်ကြိတ်ကြိတ်ဆူပူပြီး ဟိုကြည့်သည်ကြည့်နှင့် အိမ်အတွင်းပိုင်းအခြေအနေကို လှမ်းလေ့လာနေသော အရှင်မင်းကြီး~~~

ဘုရင့်အရှုပ်တော်ပုံ ( Zawgyi )ဘုရင့်အရှုပ်တော်ပုံ ( Unicode )Nơi câu chuyện tồn tại. Hãy khám phá bây giờ