မရောက်တာကြာတဲ့ နေရာတစ်ခု...
တစ်ချိန်က ငါတို့ပုံရိပ်တွေ ပြန်သတိရလာတယ်..
အမယ် ဘယ်ဆိုးလို့လဲ
စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်နေခဲ့တဲ့ ငါတို့နှစ်ယောက်.
တစ်ယောက်ကို တစ်ယောက် အနမ်းတွေပေးနေကြတာများ.... ပျော်စရာကြီး
ဒါပေမဲ့ ငါမသိခဲ့ဘူး အဲ့တုန်းက ပျော်နေတာ ငါတစ်ယောက်တည်းဆိုတာကို
ထားပါတော့...
နင်ငါ့ကို ချစ်ခဲ့တယ် ငါနဲ့ရှိနေတဲ့အချိန်တွေမှာ ပျော်နေတယ်ဆိုပြီး ငါ့ကိုငါ မျှော်လင့်ချက်အမှားတွေ မပေးချင်ဘူး...အဲ့နေရာလေးမှာပဲ ဆက်ထိုင်နေဖြစ်တယ်..
လှေကားထစ်တစ်ခုပေါ်မှာထိုင်ရင်း.....
အရင်လို ဘောလုံးကန်ပြီးလို့ ကိုယ့်ဆီကို ချွေးတွေနဲ့ အပြေးတစ်ပိုင်းရောက်လာတဲ့ ကောင်လေးတစ်ယောက်ကို မသိစိတ်က တိတ်တိတ်လေး မျှော်နေခဲ့တယ်
အရင်က မောတယ်ဆိုပြီး ကိုယ့်ပေါင်ပေါ်မှာ အိပ်ပြီး ph သုံးနေတဲ့ ငါတို့နှစ်ယောက်အချိန်တွေကို သတိရလာတယ်နောင်တ....
အခုလို ဝေးမယ်ဆိုတာ သိခဲ့ရင် ငါနင့်ကို အဲ့ထက် အဆတိုးပြီး ဂရုစိုက်ပေးခဲ့မာ ပိုပြီး ချစ်ပေးခဲ့
အနမ်းတွေလည်း မိနစ်ခြားတိုင်း ပေးနေမိခဲ့မာ..
အခုတော့ စိတ်ပူရင်တောင် ဘာဆိုဘာမှ ပြောခွင့် မရှိ လုပ်ပေးခွင့်မရှိ....
ဘယ်တတ်နိုင်မှာလဲ... ငါမှမကောင်းခဲ့တာ.. ငါနင့်ကို ပျော်အောင်မှ မလုပ်ပေးနိုင်တာ ငါ့အပြစ်နဲ့ငါပဲပေါ့
နင်ငါ့ကို အကြောင်းမဲ့ထားသွားလို့ ငါစိတ်မဆိုးတော့ပါဘူး...စိတ်လည်းမနာတော့ဘူး နင့်ကို...
ဘာလို့လဲဆိုတော့ အကြောင်းရင်းကို ငါသိခဲ့ပီလေ..."သူနဲ့တွဲရတာ မပျော်ဘူးလို့ထင်လို့..."
ငါနားလည်ပါတယ်..
ငါရင်တွေသေလောက်အောင်နာလည်း ငါနားလည်ပါတယ်ဟာ...
နင်ပျာ်တာကို အမြင်ချင်ဆုံးသူကို ပြဆိုရင် အဲ့ဒါ ငါပဲဖြစ်မာပါ...
အခုတော့ နင်ပျော်နေတယ်မလားဟင်..ဒီနေ့မှ ငါနင့်ကိုအရမ်းလွမ်းနေတယ်...
YOU ARE READING
Fake Love
RandomIt was a short time, but I did loved you with all my heart out.... I hate you, Bae...