Innie ရေ ...
ကိုယ်တို့ရဲ့ တွေ့ဆုံမှူဟာ မလှပခဲ့ရင်တောင်
အဆုံးသတ်ကိုတော့ အလှဆုံးဖြစ်အောင်
မင်းအတွက်ကိုယ် ဖန်တီးပေးချင်ခဲ့တာပါ ...
ချစ်တယ် ... Innie .... အရှူံးနဲ့ပါ
မင်းဘ၀ဟာ ကွက်လပ်ပေါင်းများစွာနဲ့ လစ်ဟာခဲ့ရင်
ကိုယ်က မင်းကို ပြည့်စုံတဲ့ ဝါကျတစ်ကြောင်းဖြစ်အောင်
ပံ့ပိုးပေးတဲ့ အဖြေလေးပဲ ဖြစ်ခွင့်ရချင်ခဲ့တာပါ
Innie ... ကိုယ့်ရဲ့ ထာဝရ .... သို့မဟုတ် .... အကျည်းတန်ကြယ်လေး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆိုးလ်မြို့လယ်ခေါင်ရှိ နာမည်ကြီး အနုပညာရှင်များနှင့် အထက်တန်းစား ငွေကြေးချမ်းသာသူများသာ ၀ယ်ယူနေထိုင်နိုင်သော သန်းချီပေးဝယ်ရသည့် တန်ဖိုးကြီး ကွန်ဒိုအောက်တွင် အနက်ရောင်ကားတစ်စီးရပ်ထားကာ
ထိုကွန်ဒိုကြီး၏ 8 ထပ်မြောက်က အခန်းနံပါတ် 8 တွင်တော့
အနက်ရောင် Suit ကို တူညီဝတ်ဆင်ထားသည့် ရုပ်ဖြောင့်ဖြောင့် ခပ်ချောချော ကောင်လေးသုံးဦးရှိနေခဲ့ပြီး ထိုသုံးဦးအနက် တံခါးအကွယ်မှ အခြေအနေအကဲခတ်နေသော ကောင်လေးနှစ်ယောက်မှလွဲ၍အတွင်းထဲမှာတော့ ... အသားဖြူဖြူ ... အရပ်ရှည်ရှည် အချိုးအဆစ်ကျလှသည့် ကိုယ်ခန္ဓာ ... မျက်နှာသွယ်သွယ် မေးရိုးချွန်ချွန်တို့ ပိုင်ဆိုင်ထားသည့် ချောသည်ဆိုတာထက်ပင် ပိုသော ကောင်လေးတစ်ယောက်ရှေ့ မှာတော့ ထီမထင်မျက်နှာထားနဲ့ ရပ်နေခဲ့သော စူးရှတောက်ပသည့် မျက်ဝန်းတွေနဲ့ Sexy ကျကျ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ မြင်သူတကာ ရူးသွပ်နိုင်လောက်အောင် ဆွဲဆောင်မှူအားကောင်းလွန်းနေတဲ့ ကောင်လေးတစ်ယောက် .... ပြဿနာတစ်ခုကို အကြီးအကျယ် ဖြေရှင်းနေကြလေသည်။