Innie

3.5K 279 97
                                    

Innie ​ရေ ...

ကိုယ်​တို့ရဲ့ ​တွေ့ဆုံမှူဟာ မလှပခဲ့ရင်​​တောင်

အဆုံးသတ်​ကို​တော့ အလှဆုံးဖြစ်​​အောင်

မင်းအတွက်​ကိုယ်​ ဖန်​တီး​ပေးချင်​ခဲ့တာပါ ...

ချစ်​တယ်​ ... Innie .... အရှူံးနဲ့ပါ

မင်းဘ၀ဟာ ကွက်​လပ်​​ပေါင်းများစွာနဲ့ လစ်​ဟာခဲ့ရင်

ကိုယ်​က မင်းကို ပြည့်​စုံတဲ့ ဝါကျတစ်​​ကြောင်းဖြစ်​​အောင်

ပံ့ပိုး​ပေးတဲ့ အ​ဖြေ​လေးပဲ ဖြစ်​ခွင့်​ရချင်​ခဲ့တာပါ

Innie ... ကိုယ့်​ရဲ့ ထာဝရ .... သို့မဟုတ်​ .... အကျည်းတန်​ကြယ်​​လေး

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဆိုးလ်​မြို့လယ်​​ခေါင်​ရှိ နာမည်​ကြီး အနုပညာရှင်​များနှင့်​ အထက်​တန်းစား ​ငွေ​ကြေးချမ်းသာသူများသာ ၀ယ်​ယူ​​နေထိုင်​နိုင်​​သော သန်းချီ​ပေးဝယ်​ရသည့်​ တန်​ဖိုးကြီး ကွန်​ဒို​အောက်​တွင်​ အနက်​​ရောင်​ကားတစ်​စီးရပ်​ထားကာ

ထိုကွန်​ဒိုကြီး၏ 8 ထပ်​​မြောက်​က အခန်းနံပါတ်​ 8 ​တွင်​​တော့
အနက်​​ရောင်​ Suit ကို တူညီဝတ်​ဆင်​ထားသည့်​ ​ရုပ်​​ဖြောင့်​​ဖြောင့်​ ခပ်​​ချော​ချော ​ကောင်​​လေးသုံးဦးရှိ​နေခဲ့ပြီး ထိုသုံးဦးအနက်​ တံခါးအကွယ်​မှ အ​ခြေအ​နေအကဲခတ်​​နေ​သော ​ကောင်​​လေးနှစ်​​ယောက်​မှလွဲ၍

အတွင်းထဲ​မှာ​တော့ ... အသားဖြူဖြူ ... အရပ်​ရှည်​ရှည်​ အချိုးအဆစ်​ကျလှသည့်​ ​ကို​ယ်​ခန္ဓာ ... မျက်​နှာသွယ်​သွယ်​ မေးရိုးချွန်​ချွန်​တို့ ပိုင်​ဆိုင်​ထားသည့်​ ​ချောသည်​ဆိုတာထက်​ပင်​ ပို​သော ​ကောင်​​လေးတစ်​​ယောက်​​ရှေ့ မှာ​တော့ ထီမထင်​မျက်​နှာထားနဲ့ ရပ်​​နေခဲ့​သော စူးရှ​တောက်​ပသည့်​ မျက်​၀န်း​တွေနဲ့ Sexy ကျကျ ခန္ဓာကိုယ်​ကို ပိုင်​ဆိုင်​ထား​ကာ မြင်​သူတကာ ရူးသွပ်​နိုင်​​လောက်​​အောင်​ ဆွဲ​ဆောင်​မှူအား​ကောင်းလွန်း​နေတဲ့ ​ကောင်​​လေးတ​စ်​ယောက်​ .... ပြဿနာတစ်​ခုကို အကြီးအကျယ်​ ​ဖြေရှင်း​နေကြ​လေသည်​။

INNIE ( Completed )Where stories live. Discover now