Unicode
အချစ်ထက်ပိုသော အမုန်း
( အပိုင်း - ၁ )
" ယမုံ ငါ ဝတ်ထားတာ ဘယ်လိုနေလဲ "
မိုးပွင့်သည် လည်ပင်းဟိုက်နေသည့် ဂါဝန်အနီလေးကို ဆွဲတင်လိုက်တော့ ဒူးအထက်ရောက်နေသည့် ဂါဝန်အနားစက တိုတက်သွားပြန်သည်။ထိုကြောင့် တဖန် ပြန်ဆွဲချလိုက်နှင့် မလုံမလဲဖြစ်နေရသည်။ အမြဲတမ်း ထမီ ၊ ဘောင်းဘီရှည်နှင့် တီရှပ်တွေသာ အဝတ်များတာမို့ ဒီလိုဂါဝန်အတိုအပြတ် ဝတ်လိုက်တော့ စိတ်ထဲ ရှက်သလို ၊ မလုံခြုံသလို ခံစားနေရသည်။
ယမုံက မိုးပွင့်ဖြူကို ခေါင်းအစခြေအဆုံး သေချာကြည့်ပြီး ဖြေသည် ။
"မိုးပွင့် နင်နဲ့ ဒီဂါဝန်နီလေး တော်တော်လိုက်တယ် ။ Eye Liner ဆွဲပြီး နှုတ်ခမ်းနီ အနီရဲရဲ ဆိုးလိုက် ၊ ဒါဆို ပြည့်စုံပြီ "
မိုးပွင့်သည် ယမုံ ပြောသလို ပြင်ဆင်ပြီး ဆံပင်ရှည်တွေကို ဖြီးရင်း မှန်ထဲက မိမိပုံရိပ်ကို ကြည့်မိ၏ ။ အရင်ကလို သနပ်ခါးပါးကွက်ကြား ၊ ခပ်ရိုးရိုးပုံစံနဲ့ ကွဲထွက်နေပြီး ဆွဲဆောင်မှုရှိရှိနှင့် လှပနေသည်။ အရင်နှင့်မတူဘဲ ပြောင်းလဲသွားတာကို ကျေနပ်မိပေမယ့်လည်း ရင်ထဲမှာ ပူလောင်နေရသည်။
"ယမုံ ငါ အဆင်ပြေပါ့မလား "
"မိုးပွင့် ဘာဖြစ်နေတာလဲ ။ ဘာအဆင်မပြေတာရှိရမှာလဲ ။ နင် ဒီလောက်ကြည့်ကောင်းနေတာ ၊ နင့်ကို မြင်တာနဲ့ သဘောကျသွားမှာ သေချာတယ် "
"ငါ......"
မိုးပွင့် စကားဆက်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည်။" မိုးပွင့် နင် စိုးရိမ်မနေစမ်းပါနဲ့ဟာ ။ နင့်အမေနဲ့ မောင်လေးအတွက်ဆိုတာ မေ့မနေနဲ့ "
မိုးပွင့်သည် စိုးရိမ်စိတ်တွေဖြစ်နေရာမှ အမေနှင့် မောင်လေးကို သတိရသွားသည်။ မိုးပွင့် ဆယ်တန်းဖြေပြီး အဖေဆုံးပါးသွားတာကြောင့် အမေတစ်ယောက်တည်း ဈေးဆိုင်လေးဖွင့်ပြီး မောင်လေးနှင့် မိုးပွင့်ကို ကျောင်းဆက်တက်စေခဲ့သည်။ ဒါပေမယ့် အမေ ပင်ပင်ပန်းပန်း အလုပ်လုပ်တာကြောင့် ကျန်းမာရေးထိခိုက်ပြီး အိပ်ရာထဲ လဲနေတော့သည်။ မိုးပွင့်တို့ အိမ်အခြေအနေကြောင့် ပိုက်ဆံလိုအပ်နေပြီး မိုးပွင့်သည် မှားယွင်းသော ရွေးချယ်မှုတစ်ခု လုပ်ရပေတော့မည် ။
YOU ARE READING
အချစ်ထက်ပိုသော အမုန်း ( Completed )
Romanceသေလောက်အောင် မုန်းတီးခဲ့ပေမယ့် ရူးလောက်အောင် ချစ်ခဲ့မိတယ်ဆိုတာ ဒီမျက်ရည်တွေနှင့် နာကျင်နေသော နှလုံးသားက သက်သေပင် ။ အမုန်းတွေက အင်အားကြီးမယ်ထင်ခဲ့ပေမယ့် အချစ်နှင့် ယှဉ်လို့မရခဲ့ဘဲ ။ တကယ်တော့ အချစ်ထက်ပိုမယ်ထင်ခဲ့သည့် အမုန်းတွေက အနှိုင်းမဲ့သော အချစ်အေ...