part_11

3.3K 176 9
                                    

(အပိုင်း - ၁၁)

"မင်း! ။ ကျစ် ! ယမုံ ၊ မင်းကိုလည်း ကိုယ် တကယ်ကို မထင်ခဲ့မိဘူး"

"ဘာကိုလဲ  "

" မင်းရဲ့ သူငယ်ချင်း မိုးပွင့်ဖြူရဲ့ မကောင်းကြောင်းတွေကို ဒီလို ပြောလိမ့်မယ်ဆိုတာ"

" ဒါလား ။ ဒါက ယမုံ နေမခကို သတိပေးချင်တာပါ ။ မိုးပွင့်ဖြူဆိုတာ နေမခ အထင်ကြီးချစ်ခင်ရလောက်တဲ့ မိန်းမစားထဲမှာ မပါဘူးဆိုတာ သိစေချင်ရုံပါ "

" မင်း ပထမတစ်ခါ မိုးပွင့်ဖြူအကြောင်း ပြောပြတုန်းက ကိုယ် ဒီအတိုင်းပဲ နားထောင်ပြီး ယုံခဲ့တယ် ။ ဒီတစ်ခါ သေချာသိလိုက်ရတာက  သူငယ်ချင်းမကောင်းကြောင်းပြောပြီး အပုတ်ချနေတဲ့ မင်းကမှ ပိုပြီး မကောင်းတာကွ ။ သိရဲ့လား ။ မင်းက မိုးပွင့်ဖြူကို မနာလိုဖြစ်နေတာပဲ "

" ဘာ! ယမုံ က ဘာလို့ မိုးပွင့်ဖြူကို မနာလိုဖြစ်ရမှာလဲ ။ ယမုံက သူနဲ့ နှိုင်းခံရစရာအကြောင်းမှမရှိတာ ။ ယမုံက သူ့ထက် အစစ အရာရာ သာနေတာပဲလေ ။ ဒါကို ဘာမနာလိုဖြစ်ရမှာလဲ နေမခရဲ့"

" ဒါဆို မင်း မိုးပွင့်ဖြူ သိက္ခာကျအောင် ပြောနေတာ ဘာအတွက်လဲ "

နေမခ၏ စကားကြောင့် ယမုံ့ မျက်နှာပျက်ပြီး ငြိမ်ကျသွားသည်။ ယမုံက မိုးပွင့်ဖြူထက် အရာအားလုံးသာနေတာတောင် အမြဲတမ်း စိုးရိမ်နေရသည် ။ ယခုလည်း နေမခက မိုးပွင့်ဖြူကို စိတ်ဝင်စားနေပြီ ။

" နေမခကြောင့်လေ ။နေမခကို မိုးပွင့်ဖြူလို မိန်းကလေးမျိုးနဲ့ မပတ်သတ်စေချင်လို့ပါ"

" ဟား.....ယမုံ ။ မင်း မှားနေပြီ ။ ဒါ မင်း ဝင်ပါရမဲ့ ကိစ္စမဟုတ်တော့ဘူး ။ မင်းနဲ့ ငါ့ ဇာတ်လမ်းက အဆုံးသတ်သွားပြီ ။ မိုးပွင့်ဖြူကို ရွေးချယ်တာ မရွေးချယ်တာ ငါ ဆုံးဖြတ်ရမယ့်ကိစ္စ ။ မင်းနဲ့ မဆိုင်တော့ဘူး  "

" ဒါဆို ယမုံနဲ့ လမ်းခွဲပြီးတော့ ဦးမင်းသစ်နဲ့ လက်ထပ်ရတော့မယ့် မိုးပွင့်ဖြူကို သွားပတ်သတ်ဦးမယ်ပေါ့....ဟုတ်လား...နေမခ"

" မင်းနဲ့ မဆိုင်ဘူး ။ ငါ ပြန်တော့မယ်....ယမုံ ။ မင်း မိုးပွင့်ဖြူကို ထပ်ပြီး မကောင်းမပြောပါနဲ့တော့ ။ သူက မင်း ဒီလို မကောင်းတဲ့စိတ်ရှိနေတာ မရိပ်မိသေးဘူး"

အချစ်ထက်ပိုသော အမုန်း ( Completed ) حيث تعيش القصص. اكتشف الآن