The Ďecènť Love
°••••••••••••••••••••••••°2000.6.14
တဖွဲဖွဲ ရွာကျနေတဲ့ မိုးရေစက်ကလေး တွေကြား တိုးဝှေ့သွားလာနေတဲ့ ကားများကို သေချာစွာကြည့်ရင်း မိမိကို လာကြိုမည့် သူကို စောင့်မျှော်နေမိသည် ...
June လရဲ့ မိုးရေစက်တွေကြားမှာ တောင် Tokyo ရဲ့ခန့်ညားမှုက ပေါ်လွင် နေသေးသည်...
၁၈နှစ်အရွယ်ကောင်လေး တစ်ယောက် အနေနဲ့ နိုင်ငံရပ်ခြားဆီ တစ်ယောက် တည်းထွက်ခွာလာသည်က အန္တရာယ် များသော်လည်း Chanyeol အတွက် နေသားကျနေပြီ ..." Chanyeollie !!! "
ခပ်လှမ်းလှမ်း နက်ပြာရောင် ကားလေး ဘေးမှာရပ်နေသည့် အမျိုးသမီးတစ်ဦး ကနာမည်ခေါ်ရင်း လက်ပြနေသည်မလို့ အတူတူပါလာတဲ့ luggage ကို ဆွဲရင်းပြေးသွား လိုက်သည် ~
"Noona ... "
" Chanyeollie လေး ခရီးပန်းလာခဲ့ပြီ ပေါ့ ~~ လာ ကားပေါ်တက် အိမ်မြန်မြန် သွားရအောင် "
ရွှင်ပြတက်ကြွစွာ ဆိုရင်း မိမိလက်ထဲက luggage ကို ဆွဲယူကာ ကားပေါ် တင်နေသည့် အစ်မဖြစ်သူကို Chanyeol ပြုံးကာကြည့်ရင်း ကားပေါ်တက်လိုက်သည်...
မိဘမဲ့ကျောင်းမှာ အတူကြီးပြင်းခဲ့ သည့် သွေးသားမတော်စပ်သည့် သူမက ကျွန်တော့အတွက် အစ်မအရင်းအချာတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တယ် ~~
ကျွန်တော် ၁၀ နှစ်အရွယ်မှာ ချမ်းသာတဲ့ မိသားစုရဲ့ မွေးစားခြင်းကို ခံရတယ်.. မွေးစားထားပေမယ့် မေတ္တာ အပြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ မိခင် ဖခင်တို့ကြောင့် ကျွန်တော့ဘဝဟာ သာမန်မိသားစုထက် အရာရာ ပြည့်စုံ ခဲ့သည် ~~ တချိန်က စောင့်ရှောက်ခဲ့ ဖူးတဲ့ noona ကိုလည်း ကျွန်တော် မမေ့မလျော့ ဆက်သွယ်ဖြစ်သည်..
Korea မှာ ရှိနေသည့်တလျှောက်လုံး noona နဲ့ အဆက်အသွယ်ရှိခဲ့သလို အိမ်ထောင်ကျလို့ Japan ပြောင်းသွား သည့်တိုင် အဆက်အသွယ် မပြတ်ဆဲ...လူချင်းမတွေ့ဖြစ်သည်မှာ ကြာပြီ မလို့ မိဘတွေကို ခွင့်တောင်းပြီး Japan က noona တို့ဆီ တစ်ယောက်တည်း ရောက်လာခြင်းဖြစ်သည်..
အရင်က မိဘတွေရဲ့ အလုပ်ကိစ္စနှင့် ခဏခဏရောက်ဖူး ခဲ့တာကြောင့် ကျွန်တော့ အတွက် Japan ကစိမ်းမနေတော့...
YOU ARE READING
The Ďecènť Love
RomanceLove is Simple ❤~ You Love somebody , just show your love all you have ~ cause it's so simple The Ďecènť Love Cover by Asuna Park