ကျွန်တော်
၎ နှစ်သားတုန်းက ငါ့အဖေကြီး ဘာမဆို လုပ်တတ်တယ်။
၅ နှစ်သား... ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
၆ နှစ်... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈ နှစ်... တို့အဖေက အကုန်လုံးတော့ အတိအကျ မသိဘူး။
၁၀ နှစ်... အဖေက တို့ငယ်ငယ်တုန်းကနဲ့ တခြားစီပဲ။
၁၂ နှစ်... အင်း အဲ့တာတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူကအသက်ကြီးပီ ဆိုတော့ ကလေးတုန်းက အကြောင်းတွေ သိပ်မမှတ်မိနိုင်တော့ဘူး။
၁၄ နှစ်... အဖေတော့ ထည့်ပြောမနေနဲ့တော့၊ သူက ရှေးရိုးစွဲသမားကြီး။
၂၁ နှစ်... အဖိုးကြီးလား ထားပါ၊ အောက်နေပီ၊ လုံးဝ ဒိတ်အောက်နေပီ။
၂၅ နှစ်... အဖေလည်း နဲနဲပါးပါးတော့ သိတယ်၊ မသိလို့လဲ မဖြစ်ဘူးလေ၊ သူလည်း လူကြီးပဲဟာ။
၃၀ နှစ်... အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီးရှိတယ်။
၃၅ နှစ်... အဖေနဲ့ တိုင်ပင်ပီးမှပဲ ဒီကိစ္စကို ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀ နှစ်... အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံ စုံတယ်၊ အမြော်အမြင် လည်းရှိတယ်။
၅၀ နှစ်... ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရ ပေးရ ငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားမိခဲ့တာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါအဖေ့ဆီက အများကြီး ရလိုက်ဖို့ ကောင်းတယ်။-------------------------------------------------------
🔸Ann Landers
My Father When I Was