Mom "Tzuyu layက Chaeအခန်းမှာပဲ အိပ်မယ်ဆို"
Tzu "Arr. Nae ဟို.. Mom... Momm"
Mom "Mommyလို့ပဲခေါ်ပါရပါတယ် Chaengရဲ့ သူငယ်ချင်းပဲ သမီးMommyပဲပေါ့😊"
(မကြာခင် Mommyတော်ရမှာပါပူမနေနဲ့😜)
Chae "အဲ့တာဆို Mom သမီးတို့အပေါ်တက်တော့မယ်"
Mom "အေးပါကွယ်"
**********
Chaeရဲ့အခန်းထဲတွင် ပန်းချီပုံမျိုးစုံကပ်ထားရာ Tzuyuလည်းလိုက်ကြည့်နေရင်း
Tzu "ဒါတွေအကုန်Chaeဆွဲတာပေါ့"
Chaeb"ဟုတ်တယ်😁"
Tzu လည်း ကြည့်နေရင်း တစ်နေရာမှ မိုးရေထဲတွင်ငိုနေသောကောင်မလေးတစ်ယောက်အား တစ်ယောက်မှ ချိုချဉ်ပေးနေပုံလေးဖြစ်လေရာ
Tzu "သူက"
Chae "ငယ်ငယ်တုန်းကလေ ငါseoulကို သွားတုန်းက မိုးအရမ်းရွာတာပျော်လို့ဆိုပြီး မိုးရေထဲထွက်ဆော့တာ အိမ်ကသူတွေမသိဘူးလေ အဲ့တော့သွားရင်းမျက်စိလည်ပြီး အဲ့တစ်ယောက်နဲ့တွေ့တာ😊"
Tzuyuက Chaeမျက်လုံးတွေကိုစိုက်ကြည့်ကာ......
Flash Back ~~~
Tzuyu ၁၀နှစ်အရွယ်တွင်~~~
သူမရဲ့အဖေမှ အိတ်ကိုဆွဲကာ ထွက်သွားတော့ သူမမျက်ရည်တွေဝဲရုံဖြင့်သာကျန်ခဲ့လေသည်။ သူမအဖေထွက်သွားပြီး သူ့အိမ်ကသူများလည်းအကုန်အထဲဝင်လာလေသည်။ ထိုအချိန်တွင် မိုးများရွာနေပြီးနောက်သူမ မိုးရေများကို ကြည့်ကာ မိုးရေထဲသို့လျှောက်သွားနေလေသည်။ တစစသဲလာသောမိုးများအကြားတွင်
"Wae? Wae?😭 ဘာလို့ငါ့ကျမှလဲ ဘာလို့ဘဝကအဲ့လောက်တောင် အထီးကျန်စရာကောင်းရတာလဲ Wae?😭 ဘာလို့လဲ ဘာလို့ဘယ်သူမှမချစ်ကြတာလဲ Wae? Wae?😭"
ပြောကာ ငိုနေရင်း လမ်းမတစ်လျောက်လျောက်လာရာ အရှေ့မှ အုတ်ခုံတွင်ထိုင်လိုက်လေသည်။ ထိုစဉ် ကလေးမလေးတစ်ယောက်မှ ချိုချဉ်ထိုးပေးသောကြောင့် သူမထိုကလေးမလေးကို ကြည့်လိုက်ရာ ပါးလေးဖောင်းဖောင်းလေးဖြင့်အင်မတန်မှ ချစ်စရာကောင်းနေပြီး သူမကိုရယ်ပြနေသည်မှာ ပါးမှပါးချိုင့်လေးထင်းကာပေါ်နေသော အင်မတန်မှ ချစ်စရာကောင်းနေသောကလေးတစ်ယောက်....
YOU ARE READING
My Heart is For You(Complete)
Fanfictionအဖေနဲ့အမေပြဿနာတွေကြားကြားညပ်ပြီးအပေါ်ယံမေတ္တာတွေနဲ့ပဲကြုံတွေ့ဖူးတဲ့Tzuချစ်တဲ့အဖွားကလည်းသေဆုံးပြီးနော်Chaengနဲ့တွေ့ပြီးမေတ္တာတွေပေးဂရုစိုက်မှုတွေကြားထဲမှာအချစ်ကိုတွေ့ရှိချိန်... Yuriဇာတ်လမ်းလေးပါနော်Chaeyuလေးကိုအဓိကထားရေးပြီ...