ကျွန်တော် ဒီနေ့လုပ်ငန်းစရတော့မယ်လေ အလုပ်ဝင်တာလည်းတစ်လပြည့်ပြီဆိုတော့ အချိန်ဆွဲနေလို့မရဘူးလေ ဒါပြီးရင်တော့ ကျွန်တော်ဒီမှာလည်းလုပ်စရာမလိုတော့ဘူးလေ Joon ကိုလား ကျွန်တော်သူနဲ့ဒီနေ့လမ်းခွဲမှာ လမ်းခွဲမယ်ဆိုတော့ ကျွန်တော့်ရဲ့ဝဲဘက်ရင်အုံက ဆစ်ကနဲ ကျွန်တော် ကျွန်တော့်နှလုံးသားကိုတော့မလိမ်ချင်ပါဘူးဗျာ ဟုတ်ပါတယ် ကျွနိတော် Joon ကိုအရမ်းချစ်မိခဲ့ပြီ ဒါပေမဲ့ ကျွန်တော် ကိုယ်ရေးတဲ့ဇာတ် ကိုယ်နိုင်အောင်ကရတော့မယ်
"Joon ကိုယ်ဒီနေ့တူတူပြန်နိုင်မယ်မထင်ဘူး သွားစရာရှိသေးလို့"
"ဟုတ်လား"
"အင်း ဒါပေမဲ့ ကိုယ်ပြီးရင်ဖုန်းဆက်လိုက်မယ်လေ တွေ့ရအောင်နောက်ပြီးပြောစရာလည်းရှိသေးလို့"
"Nae hyung"
"Joon အလုပ်ဆင်းတော့လေ ကိုယ် ဥက္ကဋ္ဌ အခန်းထဲကိုဒီ file လေသွားပေးလိုက်ဦးမယ်"
ကျွန်တော်ပြောပြီး ဥက္ကဋ္ဌ အခန်းဘက်ကိုလျှောက်လာခဲ့သည်။ခုချိန်ဆို ဥက္ကဋ္ဌ အခန်းမှာအစောင့်မရှိဘူးလေ ဘာလို့ဆိုအတွင်းရေးမှူးမရှိဘူးလေသူက လက်မှတ်ထိုးဖို့ file တွေသွားသိမ်းတယ် ဒီ
အချိန်ကိုအသုံးချတာ ကျွန်တော်အချက်လှမ်းပြလိုက်တော့ CCTV တွေ ပိတ်လိုက်ပြီလို့ အကြောင်းပြန်တယ် ကျွန်တော့်မှာ အချိန် ၁၀ မိနစ်ရှိတယ် data တွေကူးဖို့က ၅ မိနစ် အပြင်ပြန်ထွက်ဖို့က ၅ မိနစ် လောက်ပါတယ်။ကျွနိတော်အခန်းထဲဝင်သွားနိုင်ပြီ ကွန်ပျူတာဖွင့်ပြီး data တွေကို ကူးနေတယ်
✔ ✔ 100% complete ✔ ✔
Ok ကျွန်တော်ကူးလို့ပြီးပြီး အပြင်ပြန်ထွက်တော့မယ် အားလုံးရှင်းတယ် အပြင်ရောက်သွားပြီ CCTV တွေလည်းပြန်အလုပ်ကြပြီ
"ဥက္ကဋ္ဌ Kim mission complete ပါ"
"...................."
"Nae အဲ့ဒါဆို ကျွန်တော် ညကျရင်လာခဲ့ပါ့မယ်"
YOU ARE READING
REVENGE (THENAMJINIST)(completed)
Short Storyလက်စားချေ ခြင်းတဲ့လား ကျွန်တော့်နှလုံးသားကိုနင်းချေရက်တယ်ပေါ့။ဒါပေမဲ့လည်းခင်ဗျားရယ် သိပ်ချစ်ခဲ့တာပုံပြင်မှမဟုတ်ဘဲ ကျတော်လိုကောင်က ခင်ဗျားကို ချစ်မြဲချစ်ဆဲပါ ခင်ဗျားရယ် Kim Nam...