Part-2

4.4K 222 21
                                    

"အမ​လေး....သားရယ်​.....အ​မေဖြင့်​ စိတ်​ပူသွားတာပဲ....မကြီးမငယ်​ကြီးနဲ့....အ​ဆော့လွန်​ပြီး လိမ့်​ကျရတယ်​လို့.....​တော်​​သေးတာ​ပေါ့.....သတိရလာလို့....နို့မဟုတ်​ရင်​ ဒီအ​မေ.....သားအ​ဖေကို ဘယ်​လိုမျက်​နှာချင်းဆိုင်​ရမှာလဲ......"

ဒီအ​ဒေါ်ကြီး ​ပြော​နေတဲ့ စကား​တွေကပဲ မြင့်​လွန်းတာလား.....သူကပဲ ဥာဏ်​မမှီတာလားမသိ​တော့......

အ​ဒေါ်ကြီး​ပြောသမျှ ဘာတစ်​ခုမှ နားမလည်​တာ အခက်​သားလား.......

ဘာမှမ​ပြောဘဲ မျက်​လုံး​လေးအပြူးသားနဲ့ ကြည့်​​နေ​သောသူ့ကို ပွစိပွစိနဲ့ ​ပြော​နေ​သော အ​ဒေါ်ကြီးက....

"ဟင်​....သား....သား​လေး...."

ပျာပျာသလဲ နဲ့ ​ခေါ်​တော့.......

"ဗျာ....."

လို့ ထူး​တော့မှ.......

"အမ​လေး....​တော်​​သေးတာ​ပေါ့......အသက်​မှ ရှိ​သေးရဲ့လား လို့ကွယ်​..."

"ရှိပါ​သေးတယ်​.....အ​မေ...."

"ဟင်​....​မေ​မေ မဟုတ်​ဘူးလား....သား​လေးအရင်​က အဲလိုပဲ​ခေါ်​နေကြကို......"

"ဒီလို​ခေါ်တာ မကြိုက်​ဘူးလား....."

"အဲလို​တော့လည်း မဟုတ်​ဘူး​လေ.....သားရယ်​....​မေ​မေဆိုတဲ့ ​ခေါ်သံ​လေးက ချွဲချွဲနွဲ့နွဲ့​လေး.....အခု အ​မေဆိုတာကကျ​တော့ နည်းနည်းတစိမ်းဆန်​​နေသလိုမျိုးကြီး....."

ထင်​​တော့ထင်​သား.....ဒီလိုမျိုးအလိုလိုက်​ပြီး က​လေးတစ်​​ယောက်​လို ဆက်​ဆံ​နေတတ်​တဲ့ ဒီအ​မေ​ကြောင့်​ ဒီလူက ကြီး​ပေါကြီး ဖြစ်​​နေတာ​နေမှာ​ပေါ့.......

"ဒါဆိုလည်း ​မေ​မေ​ပေါ့ဗျာ.....​နေပါဦး....ဒါနဲ့ အန်​တီက ကျ​နော့်​အ​မေလား....."

"အင်း....ဟုတ်​တယ်​​လေ....အဲ...ဟင်​...."

ပြော​နေရင်းက​နေ မျက်​လုံးပြူး မျက်​ဆန်​ပြူး ဖြစ်​လာပြီး......

"သား....သား​လေး....ဒီအ​မေကို​တောင်​ မမှတ်​မိ​တော့ဘူးလား.....အဖြစ်​ဆိုးလိုက်​တာ....သား​လေးရဲ့..."

"အာ....ဘာလို့ငို​နေတာလဲ ​မေ​မေရဲ့...."

ကျစ်​...ငါကလည်း​လေ....ဒီပါးစပ်​က ​သတိလွတ်​ပြီး​မေးမိတယ်​ လို့.......​တွေးလိုက်​ရင်း.....

You've reached the end of published parts.

⏰ Last updated: Jul 24, 2018 ⏰

Add this story to your Library to get notified about new parts!

💗မက်​မွန်​​မြေ မှ ချစ်​​တေးသံစဉ်​💗Where stories live. Discover now