Part-5 (Birthday present)

2.6K 139 4
                                    

''Omm အဲ့နာရီလေးက ဘယ်လောက်လည်း မသိဖူး။တော်တော်လေးလှတာဘဲ''

ဟုတ်ကဲ့။အခုကျွန်တော်ကနာရီဆိုင်တစ်ဆိုင်မှာနာရီရွေးနေတာလေ။ကျွန်တော်ခုတွေ့ထားတဲ့နာရီလေးကတော်တော်လေးလှတယ်ဗျ။

အမလေး ¥35,000 တောင်။အဲ့ဈေးကငါလို တက်သစ်စ သရုပ်ဆောင်တစ်ယောက်လေး အတွက်တော့ ဈေးကြီးတယ်ဆိုရမလား။ဒါပေမယ့်တော်တော်လေးကို လှတယ်

''ဟုတ်ကဲ့ အဲ့နာရီလေးကအသစ်ထွက်ထားတာ မကြာသေးဖူးရှင့်။လက်ဆောင်အဖြစ်ပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်ရှင့်။ပေါ့ပေါ့ပါးပါးနက် ဒီဇိုင်းကလည်းရိုးရိုးရှင်းရှင်းလေးပါရှင့်''

အမှန်တိုင်းပြောရရင် ¥35,000ဆိုတာ ကျွန်တော့အတွက် ဝယ်ဖို့ကိုတော်တော်စဉ်းစားယူရမယ့် ဈေးဘဲ။
ဒါပေမယ့်လည်း ငါကိုဂရုစိုက်ပေးတဲ့အတွက် ဒီလောက်လေးတော့ဝယ်ပေးသင့်တယ်တင်တယ်။

''ကျွန်တော်အဲ့တာလေး ယူမယ်အမ။ကျွန်တော့ကို ထုတ်ပေးပါ။ဖဲပြားလေးလည်းတက်ပေးပါနော်။လက်ဆောင်ပေးမှာမို့လို့''

''ဟုတ်ကဲ့။သေချာထုတ်ပေးပါ့မယ်ရှင့်။''

''ကျေးဇူးတင်ပါတယ်ရှင့်''

ကောင်မလေးလှမ်းပေးတဲ့နာရီဘူးလေးကိုကြည့်ကာ တွေးလိုက်မိသေးသည်

သူနက်လိုက်လောက်မှာနော်....ငါ့လက်ဆောင်ရရင်သူပျော်လောက်မှာပါနော်

ကျွန်တော် ဝယ်ခဲ့တဲ့နာရီလေးကိုသူဝတ်ထားတာမြင်ယောင်ကြည့်ပြီး ပြုံးလိုက်မိသည်။

Omm သူနက်လှလောက်မှာ..

မကြာမီ Kojima sanရဲ့ မွေးနေ့ရောက်တော့မယ်လေ သူကကျွန်တော့အလုပ်ပိုင်ရှင်လည်းဖြစ်
ကျွန်တော့ကိုလည်း တော်တော်လေးဂရုစိုက်ပေးတာဆိုတော့ သူ့ကို ကျွန်တော်မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားမိလို့....

...........................................

''Huh!!! မွေးနေ့ပါတီ ဟုတ်လား။အဲ့လိုစိတ်ပျက်စရာ ကောင်းတာတွေလုပ်ဖို့ ငြင်းပါရစေ။ပြီးတော့ ကျွန်တော့ရဲ့မွေးနေ့ကို စီးပွားရေးတွက် တွက်မနေနက်အုန်းpresident''

A contract with with the devil(complete)Where stories live. Discover now