တန့်ရွှမ် နင်ပိုက်ဆံတွေ ဘယ်မှာဖွက်ထားတာလဲ?အခုယူလာခဲ့"
“တန့်ရွှမ် နင်ပိုက်ဆံလိုလဲ ဒီလို မခိုးရဘူးလေ။စကားပုံတစ်ခုတောင်ရှိတယ် 'ငယ်စဉ်ကတည်းက အပ်တွေခိုးရင် ကြီးလာတဲ့အခါ ရွှေခိုးလိမ့်မယ်တဲ့' ဒါကြောင် နင်ခိုးတဲ့ဒီအကျင့်ကို မလုပ်ရဘူး။နင့်ဘ၀ကို အဆုံးသတ်အောင်လဲ မလုပ်ရဘူး။
"တန့်ရွှမ် နင်ကျောင်းမှာ စာပေသင်ကြားမှုအတွက် ဒေါ်လာ သုံးထောင် ပေးရမယ်ဆိုတာ ယုံပါတယ်။နင်အခု ယူသွားတဲ့ငွေနဲ့ ပေးဖို့လုပ်နေတာလား?"
ဒါဇင်လောက်ရှိတဲ့လူ ဒါမှမဟုတ် လူများက တန့်ရွှမ်နားမှာ ၀ိုင်းပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ အဆုံးမသတ်အောင်ပြောနေကြသည်။သံသယနဲ့ မနှစ်မြို့တဲ့ အမူအရာတွေက သူတို့မျက်လုံးမှာ ပြည့်နေသည်။သူတို့၏ အသံတွေကလဲ စိတ်မရှည်မှုများဖြင့် ပြောနေကြသည်။
တန့်ရွှမ်မျက်နှာသည် နီရဲဖောင်းပွလာပြီး သွေးကြောများပင် သူ့နှုတ်ခမ်း၌ မြင်တွေ့နိုင်သည်။သူ့မျက်လုံးသည် ရီဝေေ၀ ဖြစ်လာခဲ့သည် ဒါပေမဲ့ သူ့ခေါင်းကိုထောင်ပြီး ခိုင်မာစွာပြောလိုက်သည် "ငါဘာငွေမှ မခိုးထားဘူး"
"ရှမ်းဝိန် မိန်ယန် နင်တို့ရွှမ်အာ တဖြည်းဖြည်းကြီးလာတာ တွေ့တာပဲ။သူငယ်ငယ်လေးကတည်းက ရိုးသားတာပဲ သူ့ရဲ့ ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေးက အရမ်းထူးချွန်တယ် ပြီးတော့ သူဘယ်တော့မှ မလိမ်ခဲ့ဘူး။သူငွေတွေကို မခိုးဘူးဆိုကတည်းက ဒီဒေါ်လာသုံးထောင်ပျောက်တာဟာ သူနဲ့မဆိုင်တော့ဘူး" စုလင်းယန် ပြောလိုက်သည်။သူမသည် အိမ်ထဲတွင် သူမ၏သားအာွးေ့ဖက်ထားပြီး လူလတ်ပိုင်းအရွယ် ယောက်ျားနဲ့ မိန်းမတို့အား တောင်းပန်နေသည်။
"လင်းယန် ငါတို့ရွှမ်အာ ငွေခိုးတယ်လို့မပြောပါဘူး။ငါတို့ထင်တာက သူဒေါ်လာ ၃ထောင်ကို ဖွက်ထားတယ် ဘာလို့လဲဆိုတော့ သူနင့်ကို စိုးရိမ်စရာတွေ လျော့စေချင်လို့ပဲ" လူလတ်ပိုင်းအရွယ်ယောက်ျားက သူ့ခေါင်းအား ဘေးဘက်သို့လှည့်လိုက်သည်။သူသည် စုလင်းယန်အား ထိပ်တိုက် မကြည့်ဝံ့ပေ။
YOU ARE READING
Returning From The Immortal World
Fantasyအကောင်ဆုံးဖြစ်တဲ့ အင်မော်တယ်ကမ္ဘာကနေ သူသေသွားခဲ့ပြီးနောက် သူ့ရဲ့စိတ်ဝိညာဉ်က ကမ္ဘာမှာရှိတဲ့ သူ့ကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည် တန့်ရွှမ် သိသွားတယ် သူအင်မော်တယ်ကမ္ဘာမှာ နှစ်တစ်သောင်းနေခဲ့သော်လည်း ကမ္ဘာမှာတော့ နှစ်အနည်းငယ်သ...