အပိုင်း (၁) ငါမင်းနဲ့ဆက်​ကစား​ပေးမယ်

3.1K 154 9
                                    

တန့်​ရွှမ်​ နင်​ပိုက်​ဆံ​တွေ ဘယ်​မှာဖွက်​ထားတာလဲ?အခုယူလာခဲ့"

“တန့်​ရွှမ်​ နင်​ပိုက်​ဆံလိုလဲ ဒီလို မခိုးရဘူး​လေ။စကားပုံတစ်​ခု​တောင်​ရှိတယ်​ 'ငယ်​စဉ်​ကတည်းက အပ်​​တွေခိုးရင်​ ကြီးလာတဲ့အခါ ​ရွှေခိုးလိမ့်​မယ်​တဲ့' ဒါ​ကြောင်​ နင်​ခိုးတဲ့ဒီအကျင့်ကို မလုပ်​ရဘူး။နင့်​ဘ၀ကို အဆုံးသတ်​​အောင်​လဲ မလုပ်​ရဘူး။

"တန့်​ရွှမ်​ နင်​​ကျောင်းမှာ စာ​ပေသင်​ကြားမှုအတွက်​ ​ဒေါ်လာ သုံး​ထောင်​ ​ပေးရမယ်​ဆိုတာ ယုံပါတယ်​။နင်​အခု ယူသွားတဲ့​ငွေနဲ့ ​ပေးဖို့လုပ်​​နေတာလား?"

ဒါဇင်​​လောက်​ရှိတဲ့လူ ဒါမှမဟုတ်​ လူများက တန့်​ရွှမ်​နားမှာ ၀ိုင်းပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ အဆုံးမသတ်​​အောင်​​ပြော​နေကြသည်​။သံသယနဲ့ မနှစ်​မြို့တဲ့ အမူအရာ​တွေက သူတို့မျက်​လုံးမှာ ပြည့်​​နေသည်​။သူတို့၏ အသံ​တွေကလဲ စိတ်​မရှည်​မှုများဖြင့်​ ​ပြော​နေကြသည်​။

တန့်​ရွှမ်​မျက်​နှာသည်​ နီရဲ​ဖောင်းပွလာပြီး ​သွေး​ကြောများပင်​ သူ့နှုတ်​ခမ်း၌ မြင်​​တွေ့နိုင်​သည်​။သူ့မျက်​လုံးသည်​ ရီ​ဝေ​ဝေ ဖြစ်​လာခဲ့သည်​ ဒါ​ပေမဲ့ သူ့​ခေါင်းကို​ထောင်​ပြီး ခိုင်​မာစွာ​ပြောလိုက်​သည်​ "ငါဘာ​ငွေမှ မခိုးထားဘူး"

"ရှမ်းဝိန်​ မိန်​ယန်​ နင်​တို့ရွှမ်​အာ တဖြည်းဖြည်းကြီးလာ​တာ ​တွေ့တာပဲ။သူငယ်​ငယ်​​လေးကတည်းက ရိုးသားတာပဲ သူ့ရဲ့ ပညာ​ရေးနဲ့ ကိုယ်​ရည်​ကိုယ်​​သွေးက အရမ်းထူးချွန်​တယ်​ ပြီး​တော့ သူဘယ်​​တော့မှ မလိမ်​ခဲ့ဘူး။သူ​ငွေ​တွေကို မခိုးဘူးဆိုကတည်းက ဒီ​ဒေါ်လာသုံး​ထောင်​​ပျောက်​တာဟာ သူနဲ့မဆိုင်​​တော့ဘူး" စုလင်းယန်​ ​ပြောလိုက်​သည်​။သူမသည်​ အိမ်​ထဲတွင်​ သူမ၏သားအားွေ့ဖက်​ထားပြီး လူလတ်​ပိုင်းအရွယ်​ ​ယောက်ျားနဲ့ မိန်းမတို့အား ​တောင်းပန်​​နေသည်​။

"လင်းယန်​ ငါတို့ရွှမ်​အာ ​ငွေခိုးတယ်​လို့မ​ပြောပါဘူး။ငါတို့ထင်​တာက သူ​ဒေါ်လာ ၃​ထောင်​ကို ဖွက်​ထားတယ်​ ဘာလို့လဲဆို​တော့ သူနင့်​ကို စိုးရိမ်​စရာတွေ ​လျော့​စေချင်​လို့ပဲ" လူလတ်​ပိုင်းအရွယ်​​ယောက်ျားက သူ့​ခေါင်းအား ​ဘေးဘက်​သို့လှည့်​လိုက်​သည်​။သူသည်​ စုလင်းယန်​အား ထိပ်​တိုက်​ မကြည့်​ဝံ့​ပေ။

You've reached the end of published parts.

⏰ Last updated: Aug 02, 2018 ⏰

Add this story to your Library to get notified about new parts!

Returning From The Immortal WorldWhere stories live. Discover now