ခုတလောမှာ ချန်းယောလ်ကြုံနေရတဲ့ ပြဿနာတစ်ခုရှိတယ်။အဲ့ဒါကို ဘယ်သူ့ကို ပြောပြအကူအညီတောင်းရမယ်မှန်း မသိ။သေချာတယ် သူပြောပြလည်း လူတွေက ကူညီဖို့နေနေသာသာ ဘာတွေလာကြောင်နေတာလဲဟ ဆိုတဲ့ အကြည့်နဲ့ပဲ ကြည့်မှာသေချာတယ်။
~ဂျစ်...ဂျစ်...~
ဟော စလာပါပြီ...။
နှစ်တော်တော်လေးကြာပြီ ဖြစ်တာကြောင့် ဖုံတွေတက်ကာ မီးခိုးရောင်ပြောင်းနေပြီဖြစ်တဲ့ ရေဒီယိုဟောင်းတစ်လုံးက အသံ...~ဂျစ်...ဂျစ်...~
ပထမဆုံးညတုန်းကတော့ ကြွက်တိုးတာလားလို့ ထင်မိပေမယ့် ညတော်တော် ကြာတဲ့အထိ အချိန်မှန်ထွက်လာတဲ့ အသံကြောင့် ချန်းယောလ် စပြီးထူးဆန်းလာတယ်...။အရှုပ်ထုပ်ကို အိမ်ပေါ်တင်သွားတဲ့ အိုဆယ်ဟွန်းကတော့ အခုချိန်ဆို အင်္ဂလန်မှာ သာသာယာယာရှိနေလောက်ပြီ...။
~ဂျစ်...ဂျစ်...~
အသံက တဖြည်းဖြည်းတိုးလာတယ်။မကြာခင်ပျောက်သွားတော့မယ်ဆိုတာသိပေမယ့် ဒီတစ်ခါတော့ ချန်းယောလ်ရဲ့မသိစိတ်ကနေ ရေဒီယိုဆီ တိုးသွားမိတယ်။လက်တစ်ကမ်းအကွာကိုရောက်လို့ ချန်းယောလ် လက်လှမ်းတဲ့အခါမှာ ရုပ်ချည်းဆို အသံက တိတ်ကျသွားပြီး ကြောက်လန့်မှုကြောင့် ထွက်နေတဲ့ ချန်းယောလ်ရဲ့ အသက်ရှုသံပြင်းပြင်းသာ ကျန်ခဲ့တယ်...။
"အို့..."
ရုတ်တရက်ကြီး မီးပါပျက်သွားတာကြောင့် ချန်းယောလ် နေရာမှာ ရပ်ပြီး ကြောင်နေမိတယ်...။ပြတင်းပေါက်က လရောင်ကလွဲပြီး အခန်းဟာမှောင်ဖျော့ဖျော့...
~ဂျစ်...ဂျစ်...~
ကြောက်ရွံစိတ်ထက် တစ်ခုခုက ညှို့ငင်နေတာမျိုး ချန်းယောလ် နေရာကနေ တုတ်တုတ်တောင်မလှုပ်မိဘူး...။
"တစ်ယောက်ယောက် ရှိနေတာလားဟင်..."
"အမေ့..."
ရုတ်တရက်ကြီး ထထွက်လာတဲ့ ရေဒီယိုက ဖျော့တော့တော့ အသံကြောင့် ချန်းယောလ် အလန့်တကြားအော်ပြီး အခန်းပြင်ထွက်ပြေးလိုက်တယ်။ချန်းယောလ် အခန်းပြင်ရောက်ရောက်ချင်းပဲ ပျက်သွားတဲ့ မီးက ပြန်လာတာ ထူးဆန်းပါတယ်...။
YOU ARE READING
အသည်းကွဲ ရေဒီယို
Fanfictionမင်းရဲ့ ရယ်သံလေးတွေကို တန်ဖိုးထားပါ...။တစ်စုံတစ်ယောက်က အကြောင်းပြချက်မရှိဘဲ နစ်မြုပ်သွားနိုင်တယ်