8

153 22 3
                                    


11:11

ဒီအချိန်လေး ရောက်လာတိုင်း အစ်ကို့ကိုလွမ်းစိတ်တွေ ပိုလို့ အဆိပ်တက်ရပါတယ်...။

မမြင်နိုင်တဲ့ အစ်ကို့အပြုံးတွေကို
တမ်းတရင်း ဟိုအရင်က
ပုံဟောင်းလေးတွေကို
ပြန်ငေးဖြစ်ပါတယ်...။

ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်ရတဲ့ သက်တံ့လေးတစ်စင်းလို
အစ်ကို့အပြုံးတွေဟာ
ဆွဲဆောင်နိုင်လွန်းပါတယ်...။

ယခုပစ္စုပ္ပန်မှာရော
အစ်ကို ဒီလိုလေး ပြုံးနေပါ့မလား...
နာကျင်စွာ တစ်ယောက်တည်း
ကြိတ်ငိုနေမလား...။

ပြုံးနေစေချင်ပါတယ် အစ်ကိုရယ်...
ဒါ ကျွန်တော့်ရဲ့ တစ်ခုတည်းသော
အတ္တလေးပါ...။

ကြယ်မစုံတဲ့ လမိုက်ညတွေရေ...
ကျေးဇူးပြုပြီး အစ်ကို့ကို အိပ်မက်ထဲ ခေါ်လာပေးကြပါ...။

ကျွန်တော် ဆုတောင်းပြည့်သည်လား...
တကယ်ပဲ အစ်ကို ကျွန်တော့်အိပ်မက်ထဲ ပါလာခဲ့တယ်...။

သို့သော်လည်း
ကံမကောင်းတဲ့ ကျွန်တော်ဟာ
အစ်ကို့ကို စကားပြောခွင့်မရခဲ့လိုက်ဘူး တဲ့...။

-CaCa-

D A N D E L I O NWhere stories live. Discover now