" အလွဲများနဲ့ အချစ် "l
အပိုင်း -၁
Soo နဲ့ baek တို့အခန်းထဲကို ဝင်လာသည်။
Soo နေရာတွင် ကောင်လေးအသစ်တယောက်ထိုင်နေသည်ကို soo မြင်သွားကာ အခန်းထဲ မဝင်ဘဲ အခန်းဝမှာပင်ရပ်နေလေသည်။
Baek:soo ဘာလို့အခန်းထဲမဝင်သေးတာလဲ?
Soo:ဟိုမှာ ငါ့နေရာမှာ ကောင်လေးအသစ်တစ်ယောက် ထိုင်နေတယ်။
Baek:အဲ့ဒါဆိုလည်းဖယ်ခိုင်းလိုက်မှာပေါ့ ။ဘာများခက်လို့လဲ soo ရယ်။
Soo:သူမသိလို့နေမှာပေါ့ဟယ်။ထားလိုက်ပါ။ငါနောက်ဆုံးမှာဘဲသွားထိုင်လိုက်တော့မယ်။
Baek:အဲ့လိုတော့ဘယ်ဖြစ်မလဲ soo ရယ်။ငါအခုသွားပြောမယ်။
စိတ်မြန်လက်မြန်ဖြစ်တဲ့ Baek တစ်ယောက် အခန်းထဲသို့ဝင်လာပြီး soo နေရာတွင်ထိုင်နေသည့် ကျောင်းသားအသစ်ကို ရန်သွားရှာသည်။
Baek:ဒါငါ့သူငယ်ချင်းနေရာ အခုထ။
ကျောင်းသားအသစ်ဖြစ်တဲ့ chanyeol တစ်ယောက် ကြောင်တောင်တောင်နဲ့ ထမလိုအလုပ်
Sehun:yeol မင်းဘာမှထစရာမလိုဘူး။
Baek:နင်ကဘာမလို့လဲ?😠
Sehun:ငါ့သူငယ်ချင်းကိုထခိုင်းရအောင် မင်းကရောဘာမလို့လဲ?
ထိုအချိန်တွင် soo လည်းရောက်လာပြီး baek ကိုလာဆွဲသည်။(မဟုတ်ရင်ရန်အကြီးအကျယ်ဖြစ်တော့မှာလေ)
ကျောင်းသားကျောင်းသူများကလည်း စွာတေးလန် baekhyun နဲ့ ကျောင်းသားအသစ်နဲ့ ရန်ဖြစ်နေသည်ကို ဝိုင်းကြည့်နေကြသည်။
ထိုအချိန်တွင် အတန်းခေါင်းဆောင်ဖြစ်သူ chen ရောက်လာသည်။
Chen:baekhyun ဘာဖြစ်တာလဲ?
Baek:သူက soo နေရာမှာထိုင်နေလို့ထခိုင်းတာကို သူက ပြသနာလာရှာတာ။
Sehun:မင်းက ငါ့သူငယ်ချင်းကို လာအော်တာကိုး။
Soo:တော်ပါတော့ baek ရယ် ဆရာလည်းလာတော့မယ်။
Chen:ဟိုကျောင်းသားအသစ် ဒါက soo နေရာမလို့ပါ။ အဲ့ဒါကြောင့် သူက ထခိုင်းတာပါ။ စိတ်မဆိုးပါနဲ့။
Yeol:ရပါတယ်။ ကျွန်တော်တခြားနေရာသွားထိုင်လိုက်ပါ့မယ်။
Sehun:ကောင်းကောင်းမွန်မွန်ပြောလည်းရတာကို 😒😒
Baek:အချိုးကိုမပြေဘူး
Soo:တော်ပါတော့ baek ရယ်။ ဟိုကဖယ်ပေးနေပြီဘဲကို
ထိုစဉ် အတန်းပိုင်ဆရာ xiumin ဝင်လာပြီး ကျောင်းသားအသစ်နှစ်ယောက်ဖြစ်သူ Oh Se Hun နှင့် Park Chanyeol ကို မိတ်ဆက်ပေးသည်။
Xiumin:ကယ် အားလုံးဘဲ ဒါကတော့ Oh Se Hun တဲ့။ ဒါကတော့ Park Chanyeol တဲ့။
သူတို့က ကျောင်းသားအသစ်တွေ ဆိုတော့ မသိသေးတာတွေကို ဝိုင်းပြီးကူညီပေးလိုက်ကြပါ။ သူငယ်ချင်း အသစ်တွေကို ချစ်ချစ်ခင်ခင်နဲ့ ဂရုစိုက်ပေးလိုက်နော်။
All students: Nae.
Xiumin စာသင်ပြီးချိန်တွင် တခြားအခန်းကကောင်မလေးများက Sehun နဲ့ Chanyeol တို့ရှိတဲ့အခန်းကို လာကြည့်ကြသည်။
Girls:ကျောင်းသားအသစ်နှစ်ယောက်လုံးချောလိုက်တာ။ နတ်သားလေးတွေကြနေတာဘဲ။ကျောင်းသားအသစ်နှစ်ယောက်စလုံးချောတာကို တစ်ကျောင်းလုံးပြန့်သွားသည်။
Baek နဲ့ soo တို့လည်း အဲ့သတင်းကိုကြားသွားသည်။
Baek: ဘာမှလည်းမချောဘူး။တစ်ယောက်ကလည်း ကြောင်တောင်တောင်နဲ့ စာဂျပိုး နောက်တစ်ယောက်ကလည်း ယောက်ျားလေးဖြစ်ပြီးစွာလိုက်တာပြောမနေနဲ့။
Soo:အဲ့လောက်လည်း ရုပ်မဆိုးပါဘူး baek ရယ်။ သူ့ဟာနဲ့သူတော့ နှစ်ယောက်စလုံးချောပါတယ်။
..............................................................
Sehun:ငါတို့်အတန်းထဲက ဟိုတယောက်က တော်တော်စွာတယ်နော်။ နာမည်က ဘာလဲ...သြော် baekhyun ဆိုလားဘဲ။
Yeol:အေး။ ဒါပေမဲ့ သူ့ဘေးက kyung soo ဆိုတဲ့ ကောင်မလေးကတော့မဆိုးဘူး။ချောလည်းချောတယ် ငြိမ်လည်းငြိမ်မယ့်ပုံဘဲနော်။
Sehun:အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာ။To be continued............
ဒီ fic လေးက ဆုပထမဦးဆုံးရေးတဲ့ fic လေးပါ....
အရေးအသားညံ့သွားရင် miyan😪
