တစ် ဒီဂရီအချစ်

1.9K 238 20
                                    

ကျွန်တော့် နာမည် Byun Baekhyunပါ...။
ကျွန်တော့်ဘဝအကြောင်းကို အထူးတလည်
ဖော်ညွှန်းပြောပြစရာမရှိပေမယ့် ကျွန်တော့်ဘဝ
ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ကျွန်တော့် ချစ်သူ
အကြောင်းကိုတော့ ကျွန်တော် ပြောပြစရာရှိပါ
တယ်...အထူးသဖြင့် ဘာမှမထူးခြားတဲ့
ကျွန်တော့်နာမည်ကို သူက Hyunee လို့ခေါ်
လေတယ်...။

သူ့ နာမည်က Park Chanyeolတဲ့...

****************1°Love*************

ကျွန်တော်တို့နှစ်ယောက် အတူတူ စပြီးနေကြ
ဖို့ သဘောတူပြီးတဲ့နောက်မှာ " အိမ် "လေး
တစ်လံးုကိုကျွန်တော့်တို့နှစ်ယောက်အတူတူ
ဝယ်ဖြစ်ခဲ့ကြတယ်...။
ပိုက်ဆံအများကြီးမတတ်နိူင်
တဲ့ ကျွန်တော်တို့နှစ်ယောက် အတွက် ရှိသ
လောက်နဲ့ ဝယ်ခဲ့ရတာမို့ ထိုအိမ်လေးဟာ
လဲ အစာမသွပ်ထားတဲ့ ဆမူစာ တစ်ခုလိုပါပဲ...

နံရံလေးဘက်နဲ့ခေါင်မိုးအပြင် အခန်းလေးနှစ်
ခုလောက်နဲ့ ဘာအဆင်တန်ဆာမှရှိမနေခဲ့ဘူး
လေ...သိပ်ပြီးပြည့်ပြည့်စုံစုံမရှိလှတဲ့ ကျွန်တော်
နဲ့သူ နှစ်ယောက်စလုံးမှာ အနွေးပေးစက်
တစ်လုံးတောင်မဝယ်နိူင်ခဲ့ပါဘူး...ကိုးရီးယား
နိူင်ငံရဲ့ အအေးပိုပြီးနှင်းတွေ အဖတ်လိုက်ကျ
ဆင်းတဲ့ ညများမှာတစ်ယောက်နဲ့တစ်ယောက်
ပွေ့ဖက်ရင်း စောင်အထူကြီးတစ်ထည်ကိုသာ
ခြုံလွှမ်းနိူင်ခဲ့တယ်...သူ့ရင်ခွင်ထဲ ကျွန်တော်
အတင်းတိုးဝင်ပြီး အိပ်စက်ခဲ့ရတဲ့ညတိုင်းမှာ
ကျွန်တော့်ရဲ့ ဆောင်းတွင်းအိပ်မက်တွေဟာနွေး
ထွေးပြီးလှပခဲ့ပါတယ်...

"ခြေထောက်ဆေးရအောင်...Hyunee"

ဒီလိုဆောင်းတွင်းအခါမျိုးဆိုရင် သူက ညတိုင်း
ပဲ ကျွန်တော့်ကိုခြေထောက်ဆေးပေးလေ့ရှိပါ
ှိတယ်...ကုတင်ပေါ်ကနေ ခြေဆင်းထိုင်ရင်း
ကျွန်တော် သူ့ကိုခပ်ပြုံးပြုံးလေးကြည့်နေမိ
တယ်...ကျွန်တော်ရဲ့ ဘောင်းဘီအနားကိုဒူးထိ
ရောက်အောင်ဆွဲတင်ပေးရင်း ရေနွေးဇလုံထဲမှာ
ကျွန်တော့် ခြေထောက်ကို နှစ်စေတယ်...။

လက်နှစ်ဖက်နဲ့ သေချာဆေးကြောပေး
တတ်တဲ့သူဟာ ကျွန်တော့်ရဲ့ ခြေဖမိုးတွေခြေ
ချောင်းလေးတွေ အရမ်းလှတယ်လို့ပြောလေ့ရှိ
တယ်...ရေနွေးဇလုံထဲကပြန်ထုတ်လာတဲ့
ကျွန်တော့်ခြေထောက်ကိုလဲ တဘက်တစ်ထည်
နဲ့သေချာသုတ်ပေးတတ်သေးတယ်...သူ ကျွန်
တော့်ကို အဲ့လောက်ချစ်ပါတယ်...

one shortလေးများစုစည်းမူ...Where stories live. Discover now