လမ်းခဲွပြီးဆယ်နစ်

1.1K 136 2
                                    

Baekhyunနဲ့ ကျွန်တော် လမ်းခွဲဖို့ဖြစ်လာခဲ့တာ
ဘယ်မိဘအသိုင်းအဝိုင်းကမှ မစွတ်ဖတ်ခဲ့သလို ဘယ်သူကမှလဲမကန့်ကွက်ခဲ့ကြပါဘူး..အရာအားလုံးအဆင်ပြေနေပါလျက်နဲ့ စပြီးလမ်းခွဲခဲ့တာကလည်း ကျွန်တော်ပါပဲ...။

* လမ်းခွဲပြီး တစ် ရက်...*

      'Baekhyun 'တစ်ယောက် စောင်ကိုခေါင်းမြီး
ခြုံပြီး တစ်နေကုန်အောင်အိပ်နေခဲ့တယ်..သူ့အ
ဆောင်က သူငယ်ချင်းတွေကလဲ ဘယ်လိုပဲချော့
မော့ဖျောင်းဖျပေမယ့်'Baekhyun'ကို ဘယ်လိုမှ
ဖျောင့်ဖျမရတာမို့ မသိကျိုးကျွံပြူနေကြရတယ်..
တစ်ခါတစ်ရ စောင်ပုံထဲကနေ ငိုရှိုက်သံတွေကြား
နေရတယ်..'Baekhyun' အရမ်းခံစားရမှာ ကျွန်
တော်သိပါတယ်..ဒါပေမယ့်.။

* လမ်းခွဲပြီး နှစ် ရက်..*

   ကျွန်တော် ချစ်တဲ့ 'Baekhyun'လေး မှန်ရှေ့မှာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး မလှုပ်မယှက်နဲ့ ထိုင်နေခဲ့တာတော်တော်ကြာနေခဲ့ပြီ..ငိုထားလွန်းလို့
မျက်လုံးလေးတွေလဲမို့ဖောင်းလို့..

*လမ်းခွဲပြီးသုံးရက်…*

  'Baekhyun'မျက်ဝန်းလေးမှာ အရင်တုန်းကလို Eyelinerလေးတွေပြည့်နေခဲ့ပြီး အဝတ်အစားကိုလည်း အလန်းဆုံးဝတ်ဆင်ကာသူ့သူငယ်ချင်း
တွေနဲ့ အတူအဆောင်ကနေထွက်လာခဲ့တယ်..အရက်ဘား မှာ 'Baekhyunတစ်ခွက်ပြီးတစ်ခွက်
ကိုသောက်နေခဲ့တယ်..သူ့ သူငယ်ချင်းတွေ
တားပေမယ့်လည်း 'Baekhyunကလက်မခံဘူး
လေ..
       မျက်နှာမှာအဆီပြန်နေပြီး အသားညိုညိုနဲ့
လူကြီးတစ်ယောက် 'Baekhyunနားမှာ
ရစ်တီ ရစ်တီလာလုပ်နေတယ်..
     
''ကောင်လေး မူးနေပြီလား အိမ်ပြန်ပို့ပေးရမလား
မင်း အရမ်းချစ်စရာကောင်းတယ်..ကိုယ်နဲ့တစ်ည
အိပ်မလား??"

' Baekhyun'တစ်ချက်ပြုံးတယ်..
    
''ကောင်းသားပဲ ''

ပြုံးပြုံးလေးပြောပြီး သူ့မျက်နှာကို အရက် ခွက်
နဲ့လှမ်းပက်ပစ်လိုက်တယ်..မထင်မှတ်တဲ့ အပြူအမူကြောင့်ဆိုင်ထဲမှာ ရှုပ်ယှက်တွေခတ်ကုန်တယ်..
'Baekhyun'ကိုသူ့ သူငယ်ချင်းတွေက ပွေ့ထူပြီး ခေါ်သွားကြတယ်..အဲ့ဒါတောင် သူ့ပါးစပ်က ဘာတွေအော်ဟစ်နေမှန်းမသိဘူး..ထိန်းမရ
အောင်ကို 'Baekhyun'လေးသောင်းကျန်းနေ
တယ်…

You've reached the end of published parts.

⏰ Last updated: Dec 21, 2019 ⏰

Add this story to your Library to get notified about new parts!

one shortလေးများစုစည်းမူ...Where stories live. Discover now