အပိုင်း (၁၀)

3.1K 253 18
                                    


ခွင့်လွှတ်ခြင်း ဆိုတာက~~~

စိတ်ချမ်းမြေ့ခြင်းတွေ ယူဆောင်လာတတ်တယ်...

နားလည်မှုဆိုတာက~~~

ငြိမ်းချမ်းခြင်းတွေ ယူဆောင်လာတတ်တယ်....

နွေးထွေးခြင်းဆိုတာက~~~

ချစ်ခင်ဂရုစိုက်ခြင်းတွေကို ယူဆောင်လာတတ်တယ်...

အားပေးခြင်းဆိုတာက~~~

အောင်မြင်ခြင်းတွေကိုယူဆောင်လာတတ်တယ်....

တို့ရဲ့ ချစ်ခြင်းလေးကတော့~~~

မင်းအတွက် အရာအားလုံး ယူဆောင်ပြီးသားပါ ချစ်သူ....
 
credit ###

❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿

စိတ်​ကမကြည်​ပါဘူးဆိုမှ....ကားကမီးပွိုင့်​မိ​နေ​သေးတယ်​...ကျွတ်​....

မျက်​ခုံးနှစ်​ဖက်​ကိုထိမတတ်​တွန့်​ချိုးလျက်​စိတ်​ပျက်​စွာစုတ်​သပ်​မိတာက...ပြည်​သူ့အချစ်​​တော်
Park chanyeol...ရယ်​ပါ....

သူတို့ပိုင်​တဲ့ Royal park ဟိုတယ်​မှာ..နှစ်​ဖက်​မိဘ​တွေ့ဆုံပွဲလုပ်​မယ်​...ည​နေ ၅နာရီ..​နောက်​မကျ​စေနဲ့....ဆိုတဲ့Appaရဲ့တချက်​လွှတ်​အမိန့်​​တွေကို ငြင်းဆန်​ဖို့အခွင့်​အ​ရေးဆိုတာသူ့အတွက်​ရှိမလာခဲ့...။

အခုချိန်​မှာ....သူတခါမှမ​တောင့်​တဖူးသည့်​ချစ်​သူဆိုတဲ့တစ်​​ယောက်​​လောက်​ရှိရင်​​ကောင်းမှာဘဲဆိုပြီး...​တောင့်​တမိသည်​။  သူ Appaကို
တသက်​မှာတခါ​လောက်​​တော့ဆန့်​ကျင်​ဖူးချင်​သည်​။ Appa ​ခင်းမဲ့လမ်းနဲ့ဆန့်​ကျင်​ဖက်​ကို.....
ထွက်​သွားချင်​သည်​။

ချစ်​သူ...ဆိုမှ..မျက်​လုံးဝိုင်းဝိုင်း​တွေနဲ့..ဟို​ကောင်​​လေးကို..​တွေးမိ​စေပြန်​တယ်​...။ဘာ​ကြောင့်​လဲ​တော့သူမသိ...အခုတ​လော...Kyungsoo နဲ့အတူရှိမိတဲ့အချိန်​တိုင်း..သူမဟုတ်​​တော့သလို.....အပြူအမူအ​ပြောအဆို​တွေကအစ​ပြောင်းလဲ​နေသည်​။

ဟို​နေ့ကဆိုလည်းကြည့်​...တစိမ်း​ယောက်​ကျားတစ်​​ယောက်​နဲ​ပျော်​ရွှင်​​နေတဲ့သူ့အပြုံး​တွေ​ကြောင့်​..မထင်​မှတ်​ဘဲက​လေးဆန်​စွာလုပ်​ခဲ့မိတာကို...​တွေးကြည့်​တိုင်း...ကိုယ်​ဘာသာကိုယ်​တခြားတ​ယောက်​၀ိညာဉ်​များဝင်​ပူး​နေသလားလို့​တောင်​ထင်​ခဲ့မိတယ်​....။

ချစ်​လွန်း၍ ...မုန်းဟန်​​ဆောင်​ခဲ့သည် (completed) Where stories live. Discover now