PaPaရေ
သမီးလေ တစ်ခါတလေပျော်နေတဲ့မိသားစုလေးတေတွေ့ရင်အရမ်းအားကျတာပဲသိလား
အဖေက ကလေးကိုချော့မယ်မြှူမယ်
အမေက ကလေးကိုချီထားမယ် ပျော်လို့ရွှင်လို့ပေါ့
သမီးတို့ငယ်ငယ်တုန်းကလည်း
အဲ့လိုပျော်ခဲ့ဖူးမှာပေါ့လို့တွေးရင်း မျက်ရည်ဝဲမိပြန်ပါတယ်
အပျော်နဲ့ပြည့်နေတဲ့ မိသားစုတွေကြားထဲသွားရင် သမီးအလိုလိုခေါင်းငုံ့မိတယ်
အဲ့လိုမိသားစုတွေကြားထဲမှာ
ကြာကြာမနေနိုင်ခဲ့ပါဘူး ကြာလေကြာလေ
အဲ့လိုမိသားစုတေကြားထဲမှာ ကွဲထွက်လာပြီး
တစ်ယောက်တည်းပဲဖြစ်သွားရပြန်ပါတယ်
PaPaရယ် သမီးသိပ်အထီးကျန်တယ်
YOU ARE READING
ကောင်းကင်ထက်သို့ ဟစ်ကြွေးခြင်း
Non-Fictionအဝေးရောက်သွားသော PaPa ဆီသို့ သတိရခြင်းများစွာဖြင့် ဟစ်ကြွေးခဲ့သည်။