စာသင်ခန်းထဲ၌ ပိုင် တစ်ယောက် ဂနာမငြိမ် အတန်းရှေ့
ကျောက်သင်ပုန်းထက်က နာရီလေးအား ကြည့် လိုက် လက်၌ ပတ်ထားသော Gshock အမဲရောင် နာရီလေး အား ကြည့်လျက်နှင့် တစ်ယောက်ထဲ အလုပ်များနေလေသည်။ အဲ့နောက် ပြုံးလျက် တိုးလျစွာ ရေရွတ်လိုက်သည်က..
" Yes,4နာရီ ထိုးပြီ~ 😁""ကဲ..ကဲ 4နာရီထိုးပြီ ဆိုတော့ ဆရာတို့ ဒီနေ့တော့ ဒီလောက်ဘဲကွာ! မှာထားတာတွေ မမေ့နဲ့ အိမ်ရောက်ရင်လဲ စာတွေ တစ်ဖန်ပြန်လုပ်ကြနော်"
"ဟိုက်..!"
.........
"ဟျောင့်.. ပိုင် ငါ မင်းကို ကြည့်နေတာ ကြာပြီ .. မင်း
အတန်းရှေ့က နာရီ ကို ကြည့်လိုက် လက်က နာရီ ကို
ကြည့်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေပါလား?😕 ""ဟီး.. ဟုတ်တယ် ကိုဇေရန် ရ .. ပိုင် ဗိုက်ဆာ လို့~
မနက်ကတည်းက ထမင်းကြော် တစ်ပွဲဘဲ စားခဲ့ရတယ်
အဲ့တာကြောင့် 😁""သြော်~ ပိုင် ရယ် မင်း ဆိုသည်မှာလဲ? 😆 ဒါနဲ့ ငါ့ ကို Hot pot ကြွေးမယ် ပြောထားတယ်နော် 😏 ဘယ်နေ့လဲ?"
"ဟာ.. ဟုတ်သား 🙄 အဲ့ဆို ဒီ အပတ် စနေနေ့ မနက်ပိုင်း အတန်းပြီးရင် သွားစားကြမယ်လေနော်~ 😁"
"အိုခေ ကွာ.. 😉 ဟမ်.. ဟျောင့် "လင်းခန့်" မင်းရော ပြန်တော့ မလို့လား? "
"ငါက မပြန်ရအောင် မင်းလို ရည်းစားနဲ့ date စရာ စော် မရှိဘူးကွ 😆"
ပစ္စည်းတွေ သိမ်းလက်စ ကျွန်တော့်လက်တွေ ခဏတာ
တွန့်ဆုတ်သွား မိသည်။
"ဒါ သက်သက် သူ sg ဖြစ်ကြောင်း ဂုဏ်ဖော်တာ နေမှာ" ကျွန်တော် တွေးရင်း လှိုက်ခနဲ ဝမ်းသာမိတာကြောင့် ပြုံးလိုက်မိသည်။ အပြင်တွင်တော့ ထုတ်မပြောရဲ.. တော်ကြာ
မတော်တဆ ကျွန်တော် က Gay တစ်ယောက်ဆိုတာ
သိသွား ခဲ့ရင် .. ကျွန်တော် ဆက် မစဉ်းစားချင်တော့
သိမ်းလက်စ စာအုပ် များကိုဘဲ လျင်မြန်စွာ သိမ်းလျက်
'ကိုဇေရန်' အား တစ်ချက် နှုတ်ဆက် ကာ သူ့အား
တစ်ချက်ပင် လှည့်ကြည့်ပြီး အတန်းထဲက ထွက်လာခဲ့
လိုက်သည်။ညနေစောင်း အချိန် ဖြစ်တာကြောင့် လှည်းတန်း လမ်းမကြီးသည် YBS များ သွားလာသူများ ရုံးဆင်းသူများ မုန့်ဆိုင် များနှင့် ဆူညံကာ ရှုပ်ရှက်ခတ် လှသည်။ ထို့သို့ ရှုပ်ရှက်ခက် ဆူညံ လှသော ပတ်ဝန်းကျင် နှင့် အဆက်အသွယ်ဖြတ်ရန် လက်ထဲ အသင့်ကိုင်ထားသည့် Vivo ph အနက်လေးအား နားကြပ်ကြိုး တပ်ကာ နား၌ တပ်ဆင်လိုက်ပြီး
ငြိမ့်ညောင်း သော သံစဉ် တစ်ခုအား နားစိုက်ထောင်ကာ Bus Stop ရှိရာဆီသို့ လျှောက်လာခဲ့သည်။
YOU ARE READING
🌸 ကျွန်တော် ချစ်ရသော လူကြီး 💞
Romance🚨 ခြူး ပြောပြီးသားပါနော်။ ဒီ Fic လေးရဲ့ ဇာတ်ကောင်တွေက အပြင်က တကယ့်လူတွေပါ။😉 ဇာတ်ကောင် သန့်သုတပိုင် လေးက ဒီ Fic ထဲကလို family က ပေါက်ဖွား လာတာ လုံးဝ မဟုတ်ပါဘူး 😔 ကြိုပြီးတော့ request လုပ်ချင်တာက ကလေးရဲ့ real life ကို ထည့်ပြီး မရေးပေးထားဘဲ လွှဲရေးပေ...