'' အာ ! ဖြစ်ပါ့မလား ?
မဖြစ်ဘူးထင်တယ်နော် '''' ဖြစ်ပါတယ်ကွာ
အားလုံးအဆင်ပြေနေတာပဲကို ''အရင်ကနဲ့ လားလားမှ မတူတော့တဲ့ ကိုယ်ပုံကို
စိတ်ပျက်တဲ့ မျက်လုံးများနဲ့ ငုံ့ကြည့်မိတယ် ။လက်လျော့ဖို့ စဉ်းစားမိတိုင်း ပြုံးရယ်နေတဲ့
မျက်နှာချောချောကို မြင်ယောင်မိတာ အကြိမ်ကြိမ် ။သူက မျဉ်းဖြောင့်ကြီး သမားဆိုတော့
ယောက်ျားလေးချင်း ဆက်ဆံရေးကို လက်ခံမှာ
မဟုတ် ။'' ကဲ .. သွားတော့
ဟိုမှာလာနေပြီ ''Baekhyunရဲ့ ကျောပြင်ကနေ တွန်းပို့မှုကြောင့်
လမ်းမပေါ် ကိုးယိုးကားယား ရောက်သွားတော့တယ် ။'' ဟေ့ကောင် သွားတော့လေ
ဟိုက ကျော်သွားပြန်အုံးမယ် ''Baekhyun လက်ချက်နဲ့ မိန်းကလေး
တစ်ယောက်လို လှနေတဲ့ Kyungsooက
ဝတ်ထားတဲ့ ဂါဝန်အတိုလေးကို အောက်ကို
ဆွဲချဆွဲချနဲ့ ။တစ်ခါမှ စီးလေ့စီးထ မရှိတဲ့ 4လက်မ ဒေါက်အချွန်ကို
ချော်မလဲအောင်သာ ဟန်ချက်ထိန်းပြီး လိမ်ဖယ်လိမ်
ဖယ် ထွက်သွားတဲ့ Kyungsooကို ကြည့်ပြီး
Baekhyun ရယ်ချင်စိတ်တွေက ဖုံးဖိမရ ။သူငယ်ချင်းလေးရဲ့ ပထမဆုံး အချစ်ရေးမှာ
ကံကောင်းပါစေဟုသာ .. ။'' ရွှတ် .. ရွှတ် အရှေ့က အစ်ကို ''
အနောက်က ထွက်လာတဲ့ အသံလေး ။
လှည့်ကြည့်မိတော့ မိန်းကလေး တစ်ယောက်ပါလား ။မျက်ဝန်း ဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာလေး ။
ဖူးထွက်နေတဲ့ နှင်းဆီရောင် နှခမ်းလေးကလည်း
အိစက်နေမှာ အသေချာ ။ပါးလေးတွေ ဆိုတာကလည်း ဖောင်းအိအိလေးတွေ ။
လက်ညိုးနဲ့ ထိကြည့်ရင် နစ်ဝင်သွားလေမလား ။ချစ်စရာကောင်းတယ် ဆိုသော စကားကို နှခမ်းလှုပ်ရုံ
ထွက်သွားသော သူကြောင့် Kyungsoo
ကျေကျေနပ်နပ်ကြီး ပြုံးမိသည် ။ဒီတစ်ခါတော့ Baekhyunပေးတဲ့ အကြံက
အသုံးတည့်သွားပြီ ထင်ပါရဲ့ ။ ပရော်ဖက်ဆာ Kimက
သူ့ကို နူးနူးညံ့ညံ့ ကြည့်နေတာကိုး ။

VOUS LISEZ
Clumsy LOVE
Fanfictionအချစ်ကိုဗရုပ်သုတ်ခနဲ့စတွေ့ရလိမ့်မယ်လို့တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး ။ ~One Shot~