I (ကျွန်ုပ်) ep - 1

43 6 2
                                    

'ဖေဖေနဲ့ မေမေ ကို သားကြွားစရာ ရှိတယ် ...'

ကျောင်း ကြိုနေသည့် မိဘများ ကြားမှတိုးဝှေ့ရင်း ပြေးထွက်လာကာ . အမောတကော ပြောလာသည် ကျောင်းသားလေးတစ်ယောက်...

ပြုံးစစ နှုတ်ခမ်းမှာ ဟစိဟစိ နှင့် အမော မပြေသေးသော်လည်း ပြောချင်နေသည့် ဇောများက ထိန်းချုပ်မရအောင်ခိုကပ်နေ၏..

'သား.. သားလေ ၆ တန်း စာမေးပွဲ မှာ.ပထမ ရခဲ့တယ်တဲ့ ဖေဖေ နဲ့ မေမေရဲ့ သိလား.. အ့တာ သားလေ ဆုယူရမှာ ... အ့တာ ..'

ဟောဟဲ လိုက်ကာ ပြော နေသည့် သားဖစ် သူကို မကြည့်ရက်တော့သည့် မိဘ နှစ်ပါး မှာ တော့ စုတ်တသက်သက် နှင့် ကျောကို သာ ညင်သာ စွာ ပွတ်ချ ပေးနေ၏ .. ဖခင်ဖစ်သူ ၏ လက် တစ်ဖက် မှ ကမ်းပေးလာသော ရေ ဘူး ကို အငမ်းမရ ဆွဲ ယူသောက်ရင်း စကားဆက်လိုက် သည်.

' အ့တာ ဖေဖေတို့ ဆုပေးပွဲ ကို လာရမယ်နော်..'

ယခုမှ ပင်အမောပြေသွားသည်ထင့် ရှိသမျှ သွားအကုန်ပေါ်အောင် ရီပြရင်း မိဘ နှစ်ပါး.အား မျက်နှာချို သွေးနေသည်.

'သားရယ်.. ဒါလေးပြောဖို့ အလောတကြီး နဲ့ လာမှာပေါ့ ငါ့သား ပထမ ရတာပဲ ကို...'

ပြောရင်း ဆိုရင်း နှင့် ကျောင်းသားလေး၏ခေါင်းကို သူမ ခပ်ဖွဖွ လေးနမ်းရှိက်လာသည် . မျက်နှာ တွင်တော့နှစ်လို မှု အပြည့်နှင့် အပြုံး တို့ပန်ဆင် ထား၏... တော်လိုက်တဲ့ ငါ့သားလေး ဟူသော အရာ တို့လိုမျိုးပေါ့...

~~~ ~~~ ~~~ ~~~
ဆုပေးပွဲနေ့.

'ဖေဖေ ခဏနေ သားနာမည်ခေါ်ဦးမှာ ဗျ.. '

ဖအေ ဖြစ်သူမှာ နားမလည်နိုင်စွာဖြင့် ပြူးတူးပြဲတဲ ပြန်ကြည့်နေသည်..

'ဟ့ ငါ့သားက ဆုဘယ်နှခုတောင် ရတာလည်း ကွ .. ခုလေးတင် ဆုယူပီးတာလေ...'

သားဖစ်သူ အတွက် အလွန်ပင် ဂုဏ်ယူနေသော ဖခင် ၏ မျက်နှာသည် ပြုံးလို့ ရွှင်လို့ ..ဤအခိုက်အတန့်တွင် သူသည်သာ အပျော်ဆုံးလူသား တစ်ယောက်အဖြစ်... တွေးထင်ချင်စရာ ...

'မဟုတ်ဘူး ဖေဖေရဲ့ သားကလေ ... သားကလေ..'

ထစ်ငေါ့ထစ်ငေါ့ နှင့် စကား တို့က ရှေ့ဆက် ထွက်မလာ...
ငိုမဲ့မဲ့မျက်နှာဘေး နှင့် တခုခု ကို ပြောချင်နေသော်လည်း ပြောခွင့် မရနိုင်သည့် လူတစ်ယောက်ပမာ ... သားကလေ ဟူသည်က မတက် ...

I (ကျွန်ုပ်)Where stories live. Discover now