Part-22

6.9K 415 24
                                    

(Uni)  "အရာရှိကြီးကို အလေး.....ပြု"

.ဖိုင်တစ်ခုကိုကိုင်လာသော စုံထောက်တစ်ယောက်...

သူ့ရှေ့ထိုင်ခုံမှ ရဲအရာရှိကြီးကို အလေးပြုလိုက်သည်။

"ဟုတ်ပါပြီ.....ဘယ်လိုလဲ အခြေအနေက"

ထိုသို့မေးလိုက်လျှင်ပင် သူယူလာသောဖိုင်ကို ဖြန့်ပြလိုက်၏။

"ဒီသွေးရဲ့ပိုင်ရှင်အကြောင်းတွေသိပါပြီ နာမည်ကမင်းခ..ပြတိုက်ပိုင်ရှင်တစ်ယောက်....အေးဆေးတည်ကြည်တဲ့လူတစ်ယောက်လို့လည်းသိရပါတယ်"

"ဟင်.....ဒီလူကတရားခံလား...."

"အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးလေ....ဆရာပဲဒီသွေးပိုင်ရှင်ကိုရှာဆိုလို့. ရှာပေးတာလေ....တရားခံဟုတ်တာ မဟုတ်တာက ဆရာ့အပိုင်း"

"အမယ်လေးဟ.လူကိုလာဟောက်နေတယ်   ရပြီ..ဖိုင်ကိုထားခဲ့ပြီးသွားလို့ရပါပြီ"

"ဟုတ်.."

သူနောက်တစ်ကြိမ်ထပ်၍အလေးပြုပြီး...ဌာနမှထွက်သွားလေသည်။ ရဲအရာရှိလည်း ထိုဖိုင်ထဲက မင်းခဆိုသူ၏ မျက်နှာကိုသေချာစူးစိုက်ကြည့်ရင်း...သူ၏အကြောင်းစုံအကုန်ပါသော ဖိုင်တို့ကိုလှန်ကြည့်ရင်း.........

*ဒီလိုလူနဲ့ Mr.Jackနဲ့ကဘာပတ်သက်မူလဲ သတ်ရလောက်တဲ့အထိ မဖြစ်ဘူး  သေချာအောင်စစ်မေးရမှာပဲ...*

တွေးနေရင်း  ရဲအရာရှိလည်း သူ့ရဲ့စုံထောက်တွေ လက်အောက်ငယ်သားတွေကိုလှမ်းခေါ်လေ၏။

"ဟေ့...ငါတို့သွားစရာတစ်နေရာရှိတယ်..... ဟို သေတဲ့သူနဲ့ပတ်သက်တဲ့သူတွေကိုလည်းအကြောင်းကြားလိုက်ဦး...တရားခံလို့ထင်ရတဲ့သူကိုတွေ့ထားတယ်လို့....."

ဌာနမှာရှိသော..အဖွဲ့နှစ်ဖွဲ့ကို အလုပ်တွေခွဲခြားပေးနေ၏။

"ကိုမင်းခ အလုပ်ကိုသေချာသွားနော် "

အလုပ်သွားဖို့ပြင်ဆင်နေသော မင်းခကို အလင်း စိတ်မချသည့်နှယ် အမျိုးမျိုးပြောနေတော့၏။

"ပြီးတော့ ဧည့်သည်တွေနဲ့လည်းကောင်းကောင်းဆက်ဆံ...လက်အောက်ငယ်သားတွေနဲ့လည်း ရန်ဖြစ်မနေနဲ့ဦး..."

Nameless Playboy (Complete)Where stories live. Discover now