မိန်းကလေးရေ ..
မင်းက တကယ့်ကို ကံအကောင်းဆုံးပါပဲ..
သူကမင်းကိုသိပ်ချစ်သတဲ့...
သူ့ကိုချစ်တဲ့ သန်းပေါင်းများစွာသော မိန်းကလေးတွေကို ကျော်ပြီး မင်းကိုရွေးချယ်ခဲ့တဲ့အထိ....
အရာအားလုံးနဲ့ လဲနိုင်လောက်တဲ့အထိ...
သူက မင်းကို ချစ်မြတ်နိုးသတဲ့....ကျေးဇူးပြုပြီး တန်ဖိုးထားစမ်းပါ..
မိန်းကလေးရာ...
မင်းအတွက်ဆို တစ်လောကလုံးနဲ့ ရင်ဆိုင်ရဲတဲ့အထိ
ချစ်ပြတတ်လွန်းတဲ့ အဲ့ဒီ အမျိူးသားကို တန်ဖိုးထားပေးစမ်းပါ
မင်းအတွက်ဆို အရာအားလုံး နဲ့ လဲနိုင်ပါတယ်ဆိုတဲ့
ခေတ်အဆက်ဆက် က မတွေ့ဖူးတဲ့ အချစ်သူရဲကောင်းကြီးကို
ကျေးဇူးပြုပြီး ကောင်းကောင်းဆက်ဆံစမ်းပါ....
ငါတို့အားလုံးရဲ့ မျက်ရည်တွေ နှလုံးသားတွေနဲ့ လဲပြီး
မင်းက အချစ်ခံခဲ့ရတာမို့...ကျေးဇူးပြုပြီး..
ပေါ့ပေါ့တန်တန်သဘောမထားပဲ တန်ဖိုးထားပေးစမ်းပါ..အမှန်ပြောရရင် မင်းကို သိပ်မုန်းတာပေါ့..မိန်းကလေးရာ..
သူကမင်းကိုရွေးချယ်ခဲ့လို့မဟုတ်ပဲ..
မင်းကို သိပ်ချစ်တဲ့ အဲ့ဒီအမျိူးသားကို မင်းက...
တန်ဖိုးမထားပေးလို့....
ငါတို့သိပ်မြတ်နိုးရတဲ့ အဲ့ဒီအမျိူးသားကို မင်းက
ပေါ့ပေါ့တန်တန် ဆက်ဆံနေလို့...တစ်ခုတော့ယုံ...
သူမင်းကို ဘယ်အတိုင်းအတာထိ ချစ်နိုင်သလဲမပြောတတ်ပေမယ့်...
ငါတို့သူအပေါ်ထားတဲ့ အချစ်တွေကတော့..
သူမင်းကို ချစ်မြတ်နိုးတာထက် ပိုပြီး အဆတစ်ရာ သာတယ်ဆိုတာ ယုံ........ချစ်ခြင်းတရားတွေလွန်ကဲသွားတဲ့ အခါ..
မေတ္တာစူးတတ်သတဲ့..မိန်းကလေးငယ်..
ငါတို့ ချစ်ခြင်းမေတ္တာတွေ မင်းဆီ မသက်ရောက်ဖို့..
ဆုတောင်းပေးလိုက်ပါတယ်..
မေတ္တာတရားတွေ တန်ပြန်သွားတဲ့တစ်နေ့..
မင်းဆီ မေတ္တာတွေမစူးပါစေနဲ့...။