Truly Madly Deeply 2

1.1K 97 10
                                    

Truly Madly Deeply
KaiHun

Kai POV လေးတွေပါ

##

ကျတော် သူကို စတွေ့ကထဲက ချစ်ခဲ့တာ...သူက ကျတော် ရင်ဘတ်ကို တရှိန်ထိုး ဝင်ရောက်လာတဲ့ မုတ်သုတ်မိုးလိုပဲ...သူကိုကျတော် အရမ်း ချစ်တယ် လို့သိလိုက်တဲ့ အချိန်ကြတော့ ကျတော် တကိုယ်လုံး ရွဲရွဲစိုနေပြီ ဗျ........
သူကို ကျတော် အရမ်းချစ်မိသွားတာပါ...
ကျတော်သိနေတာက love က no reason ပဲ ....ဒါပေမယ့် ကျတော် ဝန်မခံချင်ဖူး သူကိုဝန်ခံလိုက်ရင် သူပါခံစားရ အပြောခံရမှာ
သူဘက်ကကော ကျတော် ကို ချစ် နေတယ်လို့ထင်လား....
ကျတော်ကတော့ မထင်ပါဖူး...
သိပ်မထူးခြားတဲ့ နေ့လေး တခုမှာသူနဲ့ စတွေ့ ခဲ့ပါတယ် ...
သူကကျတော်ရင်ထဲကို အဲဒီအချိန် ထဲကဝင်လာခဲ့တယ်...

"မိုးတွေရွာ နေတယ် ဆရာ...ကျတော် ဆင်းဝယ်ပေးပါ့မယ်...ဆရာ ကားပေါ်မှာ ခနစောင့်ပါ...
ရတယ် ...မင်း packing ထိုးဖို့နေရာ ရှာလိုက်...ဒီပုံတိုင်းဆို မိုးကတော် တော် တိတ်မယ် မထင်ဖူး ရွာ နေအုန်းမယ်ထင်တယ်...
သူကားပေါ်က ဆင်းပြီး မြင်နေရတဲ့ coffee shop လေးစီ...

အဲဒီ ဆိုင်လေးထဲမှာ သိပ်ချစ်ရတဲ့ ကောင်လေးရှိ နေမယ်ဆိုတာကို ကြိုမသိခဲ့ပါဖူး ဒါပေမယ့် ဘာကြောင့်မှန်းမသိဖူး ကျတော် အဲဒီဆိုင်လေးကိုစခြေချလိုက်ချိန် ရင်က တငြိမ့်ငြိမ့်လေးနဲ့ ငြိမ်းချမ်းစွာ ခုန် လာတယ် ဘာကြောင့်မှန်းမသိ တနေရာ ကလူတစ်ယောက်က ကျတော်ကိုစောင့်ကြည့်နေသလိုပဲလို့ခံစားရတာကြောင့် CCTV အတွက် ထားတဲ့ camara လေး ကိုသာမော့ကြည့်နေမိတယ်

မိုးရွာ နေလို့လားမသိ ....ဆိုင်ထဲမှာ...လူတောင်သိပ်မရှိ...ဒေါင့်တဒေါင့်မှာ ပူးကပ်ထိုင်နေတဲ့ အတွဲတတွဲရယ်..
သတင်းစာတစောင်ကို ရှေ့ချပြီး coffee သောက်နေတဲ့ အဖိုးကြီးတယောက်ရယ်ပဲရှိတယ်...

သူဆိုင်ထဲ ဝင်လာတော့ ...
လမ်းမပေါ်ကို လှမ်းမြင်ရတဲ့ မှန်တွေနားက ခုံမှာ ထိုင်လိုက်ရင်း..
လမ်းပေါ်မှာမိုးတွေရွာနေတာကို ငေးကြည့်လိုက်တယ်.. မိုးတွေကတော့ သဲကြီးမဲကြီးရွာလို့ နေတယ် ..ဆိုင်ထဲမှာတော့ christina Perri ရဲ့ The Words ဆိုတဲ့ song လေး တိုးတိုးလေးဖွင့်ထားတယ်

Truly Madly Deeply (KaiHun)Where stories live. Discover now