[Zawgyi]
'' ဒီလိုနဲ့ ချစ်သူနှစ်ဦးရဲ့ ဝေးကွာခဲ့ရတဲ့ နှလုံးသားတွေ အလွမ်းဖြေနေတာကို ရှက်တတ်တဲ့ လမင်းကြီးကတော့ တိမ်တွေနဲ့ကွယ်ပြီး ချောင်းကြည့်နေခဲ့လေရဲ့ ~~~ ''
နောက်ဆုံးစာသားလေးကို အစအဆုံး တစ်ခေါက် သေချာပြန်ဖတ်ရင်း Singto စိတ်ကျေနပ်စွာ ရေရွတ်လိုက်မိသည် ။
'' Ok! Done ... Let's Publish ''
စီးပွားရေးဖြင့် ဘွဲ့ရပြီး Marketing Manager အဖြစ်လုပ်ကိုင်နေသော Singto Prachaya တစ်ယောက် … ဝါသနာအရ Wattpad လောကထဲ ' Leo ' ဆိုသော ကလောင်အမည်နဲ့ အော်သာတစ်ယောက် အဖြစ် Fan Fiction များလည်း ရေးနေသေးသည် ။
ဒီနေ့လည်း ရုံးပိတ်ရက်မို့ ဘယ်မှမသွားဘဲ အိမ်မှာပဲနေပြီး လွန်ခဲ့တဲ့နှစ်လလောက်က စရေးဖြစ်ခဲ့တဲ့ Fan Fiction လေးတစ်ခုကို အဆုံးသတ်ရင်း အလုပ်တွေရှုပ်နေခဲ့သည်လေ ။
ဒါဟာ ကျွန်တော့ဘဝရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေပါပဲ ။ ရုံးဖွင့်ရက်ဆို အလုပ်လုပ် …ပိတ်ရက်ဆို တစ်နေကုန် လက်တော့ပ်ရှေ့မှာ စာထိုင်ရေး … စာဖတ်သူတွေရဲ့ ဝေဖန်တုံ့ပြန်မှုတွေကို လိုက်ကြည့် ။ အချိန်ရရင် ကွန်မန့် တစ်ခုချင်းစီတိုင်းကိုလည်း သေချာလိုက်ဖတ်ပြီး စာပြန်ပေးဖြစ်သည် ။
'' New comment on ……… ''
သြ … အခုလည်း ဇာတ်သိမ်းပိုင်းလေး Publish လုပ်လိုက်ပြီးတဲ့ ခဏအတွင်း ကွန်မန့်တွေတက်လာပြီ ။ ပထမဆုံး ကွန်မန့်ကို ကြည့်လိုက်တော့ Krist Perawat ။
-' ဇာတ်သိမ်းလေးအရမ်းကြိုက်တယ် ပြီးသွားပြီဆိုတော့ လွမ်းနေရတော့မှာပဲဗျာ '-
သူလေးကို ကျွန်တော်သတိထားမိတာကြာပြီ ။ ကျွန်တော် ဘာတင်တင် ဒီလို Feedback လေးတွေ အမြဲမှန်မှန်ပေးတဲ့သူ ။ ကျွန်တော့ရဲ့ အမာခံ ပရိတ်သတ်ကြီးဆိုပါတော့ဗျာ ။
-' ဟုတ် ကျေးဇူးပါ နောက်အသစ်လေးတွေကျရင်လည်း အားပေးပါဦး '-
ကျွန်တော် စာပြန်လိုက်တော့ ချက်ချင်း ကစ်စ် အီမိုဂျီလေး ပို့လာတဲ့ ထိုကောင်လေးက စာဖတ်ဝါသနာလည်း တော်တော်ပါတဲ့ပုံပေါ်သည် ။