F 1

8 0 0
                                    

22.8.18

လက်ဖဝါးနှစ်ဖက် ထပ်တူကျစွာ ဆုပ်ကိုင်ထားရင်း
ခွဲရမယ်ဆိုတဲ့ အတွေးတွေ ခေါင်းထဲကို ဝင်ရောက်လာတယ်

ပျော်ရွှင်နေတဲ့ အချိန်မှာ မနှောင့်ယှက်ပါနဲ့လို့
တောင်းဆိုချင်ပေမယ့် နင်က တစ်မြေခြားကို
သွားရတော့မယ် ငါနေနိုင်ပါ့မလား???

အရင်ကလဲ နေနိုင်ခဲ့တာပဲ ငါ ဘာလို့ မနေနိုင်ရမှာလဲ၊၊
လွမ်းရင် video call ခေါ်လိုက်မှာပေါ့ ၊၊
ငါ လွမ်းလို့ ဝမ်းနည်းနေရင် သူက စိတ်မကောင်းဖြစ်နေမှာ
ငါ့ရဲ့ အပူမျက်နှာကို မပြသင့်ဘူး ၊၊

အခုတောင် သူက ငါ့ကို ကြည့်နေပြီ
ငါ ဘယ်လိုဖြေရမလဲ မသွားပါနဲ့ဆိုပြီး မတားရက်ဘူး ၊၊
ဒါက နင့်ရဲ့ ပညာရေး နင့်အတွက်ထွန်းတောက်မယ့်
အနာဂတ် ၊၊

နောင်တစ်ချိန်မှာ ငါတို့နှစ်ယောက် အတူနေနိုင်ဖို့
နင်သွားတာပဲ ဆိုပြီး ငါဖြည်သိမ့်လိုက်မယ်
နင့်ရဲ့လက်ဖမိုးကို နမ်းတဲ့အချိန်
ရင်တွေခုန်သွားတယ်လို့ ပြောတယ်
ဒါပေမယ့် ငါ့ရင်ထဲမှာ အရမ်းနာကျင်ရတယ် ၊၊

အားတင်းသမျှ သဲရေကျ ဆိုပြီး
ငါ တိုက်အောက်ကနေအပေါ်ကို ပြေးတက်လာမိတယ် 
ငါ ဝမ်းနည်းတယ် ငါ ငိုတယ် ငါ အရာအားလုံးကို
ရင်ဆိုင်နိုင်ပေမယ့် ဒီအရာကို ငါမရင်ဆိုင်နိုင်ဘူး...

ငါ အရမ်းချစ်တယ် ....❤

Let Me feel ❤Where stories live. Discover now