[ နွယ် - ၃ ]

317 54 51
                                    

၂၀၁၀ခုနှစ်၏ ရက်စွဲတစ်ရက်တွင် ဖြစ်သည် ။ ကျွန်တော်သည် ကျောင်းစာတစ်ချို့ကို ကျက်ရင်း Dedut ပေးမည်ဆိုကာ ထည့်ထားသော အခန်းအတွင်းရှိ ထောင့်တစ်နေရာ၌ ထိုင်နေခဲ့၏ ။ ခုနစ်နာရီမှ လာခဲ့ခိုင်းသော်လည်း အချိန်တို့ကို စိတ်လှုပ်ရှားစွာနှင့် ရစ်ကျော်နေခဲ့သော ကျွန်တော်သည် ခြောက်နာရီဆိုသော ညနေခင်းတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည် ။

"မင်္ဂလာပါ။ ကျွန်တော်က ဂင်ဂျုံဒယ်ပါ။"

အခန်းထဲဝင်လာခဲ့သော ကောင်လေးသည် တောက်တောက်ပပ .. အင်း ဒီအခန်းငယ်အား သူ့အပြုံးများနှင့်အတူ ပိုမိုလင်းလက်စေသည်အထိ ပြုံးကာ ကျွန်တော့်ကို နှုတ်ဆက်လာသည် ။ ကမ်းလာသော လက်တစ်စုံကို ထိကပ်မိသည့်အခါ လျှပ်စီးကြောင်းကို တို့ထိမိရသကဲ့သို့ ရင်ထဲ၌ ကျင်တက်သွားရသည် ။

"မင်္ဂလာပါ။ ကျွန်တော်က ဂင်မင်ဆော့ပါ။"

"ဘယ်နှတန်းလဲ။"

"အထက်တန်းနောက်ဆုံးနှစ်။"

"ဟာအသက်ကြီးတာပဲ။ ကိုကိုပေါ့။ ကျွန်တော်က အထက်တန်းပထမနှစ်။"

ထိုအကောင်ငယ်သည် ချန်ချန်းနီဟု ကျွန်တော်အမြတ်တနိုး ခေါ်ဆိုရသော အကောင်လေးဖြစ်လာရသည် ။ တကယ်ဆို စတွေ့သည့် အချိန်တည်းက သူဟာ ညို့ယူထားခဲ့တာ .. ။ နည်းနည်းတော့ လွန်လွန်းသည် ။ ဒီလူ့ကို မချစ်ရမနေနိုင်အောင် ။ ကိုကိုဟု အလျင်အမြန်ပင် ခေါ်ဆိုရင်း ပြုံးလိုက်သည့် ထိုစဉ်က ပုံရိပ်သည် ယခုတိုင်အောင် နှလုံးလွှာ၌ အထင်အရှား မြင်နိုင်သေးသည် ။










"ငါတကယ်ဝနေသလားဟင်။"

အခြားခြားသော ရင်းနှီးသူတွေရှိသော်ငြား ဒီအမေးကို ဂျုံဒယ်တစ်ဦးကိုသာ မေးထွက်ခဲ့သည် ။ ပထမဆုံးအနေနှင့် ပါဝင်ခွင့်ရခဲ့သည် ကုမ္ပဏီမှကျင်းပသော ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် စင်အောက်မှလူများက ကျွန်တော့်ကို တွေ့သည်နှင့် အော်ဟစ်ကြသည်က ဝက်ပုပ်ရယ်တဲ့လေ .... ။

သေချာစဉ်းစားကြည့်သည် ... ဝလို့ဝက်ပုပ်ခေါ်တာပဲ ဘာနာစရာရှိလို့လဲ ။ ကျောင်းမှာလည်း ဒီလို .. ဒီလိုအစခံရသည်က ရိုးအီနေပြီကို ဘာလို့များ ရင်ထဲထိ တစိမ့်စိမ့်နာကျင်ရသည်လဲ ။ နာစရာမဟုတ်သည်ကို နာနေသည့် ကိုယ့်ကိုကိုယ် မုန်း၍မဆုံး ။ ရင်နာ၍မဆုံး ။ ခံစားစရာမဟုတ်ဟု ခံယူထားသည့်အပေါ် နာကျင်နေမိသော ကိုယ့်ကိုကိုယ် နာကျည်းမိရင်း အရာအားလုံးဟာ နာကျင်မှု သံသရာထဲတွင် ဝဲဂယက်ရိုက်လျက် ရှိနေသည် ။

နွယ် [XiuChen]Where stories live. Discover now