Wedding Dress......

1K 80 2
                                    

အရင်​​နေ့​တွေကထက်​ ဒီ​နေ့
သူ ပိုကြည့်​​ကောင်း​နေသလိုပါပဲ....

ဆင်​စွယ်​​ရောင်​ မင်္ဂလာဝတ်​စုံ​လေးနဲ့
သူဟာ တကယ်​ကိုလိုက်​ဖက်​လွန်း​နေခဲ့တာ ...

ဖြူ တယ်​ဆိုတာထက်
နို့နှစ်​​ရောင်​လိုအသား​ရေမျိုး
ချောတယ်​ဆိုတာထက်
သူတမူစွာ ချစ်​ဖို့​ကောင်း​နေတာမျိုးကို
Do Kyungsoo ဆိုတဲ့ သည်​လူသားဟာ
ထူခြားစွာ ပိုင်​ဆိုင်​တယ်

နဖူးပြင်​​ပြေ​ပြေ​လေး နှာတံစင်းစင်းလုံးလုံး​လေး
ဝိုင်းစက်​​နေတဲ့ အရည်​ရွှဲမျက်​ဝန်းတစ်​စုံ ပြီး​တော့
ထူခြားလွန်းတဲ့ အသည်းပုံနှုတ်​ခမ်းဖူးတစ်​စုံ......

ဖြူ ဖြူ စင်​စင်​​လေး လွတ်​လပ်​​ပေါ့ပါးစွာနဲ့
Kyungsoo ရယ်​တဲ့ အခါတိုင်း သူဟာ
ကျောက်​ရုပ်​တရုပ်​လို ​ငေး​မော​နေတတ်​တဲ့အထိ
ထို kyungsoo ဆို​သော အနှီလူသားသည်
သူ့အား ပြုစားလွန်းပါသည်

" တကယ်​.... လိုက်​တယ်​ ငါ့ Kyungsoo...... "

သူ့အနားကို သွားပြီး ​ပြောလိုက်​​တော့
ရှက်​သွားသလိုမျက်​နှာ​လေးကရဲတက်​လာတယ်

ပါး​ဖောင်း​ဖောင်းပြည့်​ပြည့်​​လေးက ရဲတက်​​နေသလို နားရွက်​ဖျား​လေး​တွေက အစရဲ​နေတာဟာ အူယားစရာအတိ ~

" ​ကျေး.. ​ကျေးဇူးပဲ chanyeollie "

စကား​လေး​တွေပင်​ထစ်​လို့ ​နေပါ​ရောလား ?

" ငါတို့ကြားမှာ အဲ့လို​ပြောဖို့မလိုဘူး​လေ ဟက်
မင်းတကယ်​ရှက်​​နေတာပဲ မကြာခင်​ခန်းမထဲကို
ဝင်​ရ​တော့မယ်​ "

" omm ... ငါ အခုထိ ရင်​တုန်​​နေ​သေးတယ်
ငါ​ကြောက်​သလိုမျိုး တမျိုးပဲ Chanyeollie.."

Kyungsoo ကြည့်​ရတာ တကယ်​ကိုရင်​တုန်​ပြီး
ကြောက်​​နေသလိုမျိုး လက်​သီး​လေးဆုပ်​လို့

သူ့လက်​သီးဆုပ်​​လေးကို သူညင်​သာစွာကိုင်​ပြီး
သူလက်​ဖဝါးထဲ ​ထွေးဆုပ်​ထားလိုက်​တယ်

" ငါ့လက်​ကို​သေချာကိုင်​ထား​နော်​ "

သူ kyungsoo ကို ငုံ့ကြည့်​ရင်း​ပြောလိုက်​တယ်

Only CHANDI World Where stories live. Discover now