ကျောင်းဆင်းလာချိန်မှ ကျလာတဲ့မိုးဖွဲဖွဲကို စိတ်မရှည်စွာ ကျိန်ဆဲလိုက်ရင်း နီးရာကော်ဖီဆိုင်ထဲပြေးဝင်လိုက်သည်။အနည်းငယ်စိုသွားတဲ့ ဆံပင်ကို ခါလိုက်တော့ ပုံသွင်းထားတဲ့ ကိုယ့်ဆံပင်ကအနည်းငယ်ပျက်ယွင်းနေလိမ့်မည်။ မိုးဖွဲဖွဲက ပိုသည်းလာတော့ စိတ်ဒုန်းဒုန်းချပြီး ဆိုင်ထဲကိုသာ ဝင်ခဲ့တော့သည်။ ကောင်တာကကောင်လေးက သူ့မျက်လုံးတွေ မှိတ်သည့်အထိ ပြုံးပြတော့ ခုနကစိတ်ညစ်နေတာတွေတောင် ပျောက်သွားသလို။
ချောင်ကျတဲ့ တစ်နေရာမှာဝင်ထိုင်ရင်း မိုးရေကြားပြေးနေတဲ့ ကျောင်းသားအချို့ကို လှမ်းကြည့်ရင်းပြုံးလိုက်မိသည်ထင်သည်။ ထီးမပါပဲ ပြေးလွှားနေတဲ့ ကလေးတွေကို ငေးနေမိတာ ကောင်လေးအနားရောက်နေတာတောင် သတိမထားမိ။
''Professor Ong! ဘာမွာမလဲခင္မ်''
ကျောင်းအနီးအနားမှာ ရှိနေတဲ့ ဆိုင်မို့ ကိုယ့်ကိုသိနေတဲ့ ကလေးတစ်ယောက်ဖြစ်လိမ့်မည်။ မော့ကြည့်လိုက်တော့ သြော်...ခုနက ကောင်လေး။
အမြဲလိုလို ပြုံးနေတတ်တာက သူ့ရဲ့ထူးခြားချက်ပဲ ဖြစ်လိမ့်မည်။ ကောင်လေးတွေပြုံးရင် ချစ်ဖို့ကောင်းတာ ကိုယ့်မသိခဲ့သေးဘူးပဲ။
''Espresso ပဲပေးနော် ''
''ဟုတ္ကဲ့ခင္မ် ''
သူက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ပြောလာတော့ ကိုယ့်ကိုယ်ကိုတောင် အရမ်းအိုနေပြီလားဆိုပြီး မှန်ထဲလှမ်းကြည့်မိသည်။ လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကို ဘာကြောင့်ငေးနေမိလဲတော့ ကိုယ်လည်းမသိတော့။
လေ့ကျင့်ခန်းတွေအရမ်းလုပ်ထားပုံရတဲ့ သူ့ပုခုံးတွေက အရမ်းကျယ်ပြီး ကြည့်ကောင်းတာလည်း သတိထားမိတယ်။
ကြည့်ကောင်းတဲ့ ကောင်လေးဆီက အကြည့်လွှဲပြီး အပြင်ဘက်ဆီပဲ မျက်လုံးတွေကို ပို့ထားမိသည်။ လူရှင်းနေတဲ့ လမ်းမကြီးဆီကိုပဲ ငေးကြည့်နေတုန်း ငြိမ့်ငြိမ့်လေး စီးဝင်လာတဲ့ ဂီတသံက မိုးသံကျယ်ကျယ်နဲ့ မလိုက်ဖက်စွာ။ မိုးက ပိုပြီးတောင် သည်းလာပြီပဲ။