Part(3)

9.2K 907 88
                                    


Unicode

ဆက်ထန်၏၇တန်းနှစ်သည် ဘဝတွင်မှတ်သားထားစရာနေ့ရက်တစ်နေ့အဖြစ် ရှိလာလိမ့်မည်ဟု မထင်ခဲ့မိ။

မထင်မှတ်ထားသောအရာများဖြစ်လာတတ်သည်ပဲဟု သိခဲ့သည့်နှစ်ဖြစ်ခဲ့ရသည်။

ကုန်းတို့ခြောက်ချိန်စက်ဘီးလေးစီးကာ ကိုကို့နောက်မှခါးလေးဖက်၍လိုက်ရသည်ကို
ဆက်ထန်ပျော်ခဲ့သည်။ ကိုကိုက စက်ဘီးစီးသင်ပေး
မည်ဟု ပြောလျှင်အလုပ်ရှုပ်ပါစေဟု ကြိတ်၍
ဆုတောင်းမိသည်။ဆုတောင်းပြည့်ခဲ့သည်က များ၏။ကိုကိုကျောင်းကပြန်လာတိုင်းမအားခဲ့ချေ။

မိုးဦးစချိန်တွင် ကျောင်းသွားရာလမ်းတစ်လျှောက်၌ လှေမပေါက်၊လှည်းမပေါက်သောအချိန်သည် ဆက်ထန်တို့လို ရွာမှကမာစဲအထိ ကျောင်းတက်ရသူများအတွက် စိတ်အညစ်ရဆုံးအချိန်ဖြစ်သည်။မနက်စောစော ထရသည်။ဘောင်းဘီတိုနှင့်ကျောင်းသို့သွားရ၏။ကျောင်းရောက်မှလုံချည်လဲရသည်၊ဆက်ထန်၏ စိတ်ထဲတွင် အသက်ကြီးလာရင်ရွာမှာအထက်တန်းကျောင်းဖွင့်နိုင်အောင်ကြိုးစားရမည်။ရွာမှာပဲ ကျောင်းဆရာလုပ်မည်ဟုစိတ်ထဲတွင်တွေးမိရင်း ကြီးလာရင် ကျောင်းဆရာလုပ်မည်ဟု ရည်မှန်းချက် ရှိလာခဲ့သည်။

မိုးဖြိုင်ဖြိုင်ရွာသောအချိန်တွင်တော့ လှေများပေါက်လာသောကြောင့် ဦးနေအောင်ကကျောင်း လိုက်ပို့သည်။ခလပ်ရွာထိပ်မှ စသည်ဆိုသည်နှင့် ကျောင်းသို့သွားရာ လမ်းတလျှောက် ကုန်းမမြင်ရ၊ လယ်ကွင်းများရေပြည့်ကာ ၊ လမ်းများရေလျှံ၍ ဖွေးဖွေးလှုပ်နေသော မြင်ကွင်းသည် ဆက်ထန်တို့လို ရေချစ်သူများအတွက် ပျော်ရွှင်စရာပင်။

အဖေဖြစ်သူလှေလှော်ရတာမောမည်စိုးရိမ်၍
ကျောင်းလာရာလမ်းကို ကိုကိုကသူကိုယ်တိုင် လှော်သည်။ဝါးချောင်းရှည်ကြီးဖြင့်လှော်
ရသော ရေနံချေးဝဝလှေကြီးသည် တစ်နွေလုံး အနားယူထားရ၍ သစ်ပိုးများ အိမ်ဆောက်မှုကြောင့် အပေါက်အနည်းငယ်မှ ရေစိမ့်ဝင်တတ်သည်။ လှေကြီးအား ဝါးချောင်းရှည်ဖြင့် ရေစုန်ရေဆန် ကူးလူးရာတွင် လမ်းကြောင်းတည့်စေရန် ဦးထိပ်မှ တစ်ဦးက ဦးဆောင်၍ နောက်မှတစ်ဦးကလည်း အားကုန်လှော်ခတ်မှသာ ကျောင်းသို့အမီရောက်တတ်၏။

ကြွေ,  လွင့်သွားသောမုန်တိုင်း (Complete)Место, где живут истории. Откройте их для себя