Ten pov - Johnny ကိုလဲလွမ်းတယ် သားသားကိုလဲလွမ်းတယ် T~T ခုချိန်ဆို ငါ့သားလေး တော်တော်အရွယ်ရောက်နေပြီထင်တယ် လွမ်းလိုက်တာ သွားတွေ့ရအောင်လဲ နေရာကမသိ ဟူး...
Johnny pov - ကျွန်တော် Chicago ကနေအလုပ်တွေ လက်စသတ်ပြီး koreanကို ပြန်မယ် ကျွန်တော့်သားကိုတွေ့ဖို့အတွက် ကျွန်တော် ပြန်ရမယ်...
စတိုးဆိုင်တစ်ခုမှာ
HAECHAN - မေမေ Chan လေး စာအုပ်ကုန်တော့မယ် ဝယ်ပေး ဝယ်ပေး
G - အေး သား ဝယ်ပေးမယ်နော် အခုမေမေမှာ ပိုက်ဆံမလောက်လို့ lele လေးနဲ့မျှသုံးနော်..
Haechan - Nae..
Haechan pov - ရေခဲမုန့်စားချင်လိုက်တာ
Ten pov - ကျွန်တော့် အိမ်သွားရင်း ဝယ်စရာလေးတစ်ခုရှိလို့ စတိုးဆိုင်တစ်ခုဝင်လိုက်တယ် ကလေးလေး တစ်ယောက်က သူ့အမေကို စာအုပ်ဝယ်ပေးဖို့ပူဆာနေတယ်လေ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ပါ သူ့ပုံကြည့်ရတာ ချစ်စရာလေး.. ဟော်... ရေခဲမုန့်ကို ကြည့်နေတယ် သူစားချင်လို့နဲ့တူတယ်.. သူ့ကိုကြည့်ရင်းနဲ့ chanလေးကို သတိရလိုက်တာ chanလေးလဲ ခုလောက်ဆို သူ့အရွယ်ရောက်ပြီပေါ့...
Haechan တို့သားအမိ စရိတ်ရှင်းနေချိန်..
Ten- arjima ဒီ ရေခဲမုန့်လေးပါထည့်ပေးလိုက် ရေခဲမုန့်ဖိုး ကျွန်တော်ရှင်းမယ်....
Arjima - Nae...
Haechan - Gomawo ဦးဦး chanလေး ကောင်းကောင်းစားပါ့မယ် ဦးဦး
Ten- Nae..
G- ဟင် အစ်ကိုလေး Ten
Ten- ဟင် မင်း! ဒါဆို သူက...
G- Haechan အိမ်ကိုပြန်တော့နော် leleလေး တစ်ယောက်ထဲမို့
Haechan - Nae မေမေ ဦးဦး Chan လေးပြန်လိုက်ပါအုံးမယ်
Ten -....
Ten - မင်း... သူက ငါ့သားလား? ငါ့သားလားလို့မေးနေတယ်လေ ငါ့သားလေး Chanလား
G - ဟုတ်တယ် အစ်ကိုလေး အစ်ကိုလေးတို့၂ယောက်ရဲ့သား! ဒါပေမယ့် ခု အစ်ကိုလေးတို့သားမဟုတ်တော့ဘူး!
Ten- မင်းဘာတွေပြောနေတာလဲ Chanလေးက ငါနဲ့ Johnny ရဲ့သား မင်းရဲ့သား မဟုတ်ဘူး ငါ ငါ့သားကို ငါပြန်ခေါ်သွားမယ် ပြီးတော့ leleဆိုတာရော ဘယ်သူလဲ မဟုတ်မှလွဲ သူလဲငါ့သားပဲလား
G- Aryi Haechan လေးက အစ်ကိုလေးတို့သား မဟုတ်သလို leleကလဲ ကျွန်မရဲ့သား.. အစ်ကိုလေး Haechan ကိုအိမ်ပေါ်ကနှင်ချပြီးကတည်းက ကျွန်မသားဖြစ်သွားတာ
Ten - အဲ့လို မဟုတ်..
G- သွားပြီ.. နောက်တစ်ခါ Haechan ကိုလာမရှာပါနဲ့တော့ အစ်ကိုလေး
~~~~
Ten pov: ကျွန်တော် သိပ်မှားသွားတာလား... johnny ရေ Tenတို့သားကို Tenရှာတွေ့ပြီ သားလေးကအရမ်းခန့်ချောလေးဖြစ်လာပြီ..
လူပျိုပေါက်စလေး ကိုကို့လိုမျိုးပဲ Chanလေးက...
~~~~~~
Jonny pov - ကျွန်တော် ပြန်လာပြီ ကျွန်တော့်သားနဲ့ ကျွန်တော်ချစ်ရသူအရပ်ရှိတဲ့နေရာကို.. ရာသီဥတုကလဲ အရင်ကလို သာယာတုန်းပဲ...
~~~~
Mark: Papa Ty...
Ty- ဘာ papa ty လဲ အဖေကိုနော်
Mark - hee...
Ty - ဘာတုန်း ခေါ်ပြီးပြောလေ
Mark - Minhyung လေး ကျောင်းပြောင်းချင်လို့ Papa..
Ty- wae? Minhyung လေး အဆင်မပြေလို့လား Minhyung လေးကို ဘယ်သူအနိုင်ကျင့်လဲ paကိုပြော
Jae- သူ့ဗလ သေးသေးနဲ့ဘာရှင်းမှာတုန်း
Ty- Ya! Jung Jaehyun!!!!
Mark - haha... အဆင်မပြေလို့ မဟုတ်ဘူး pa အဆင်ပြေလွန်းလို့ ခက်နေတာ ဒီကျောင်းက ချမ်းသာတဲ့သူတွေပဲတက်ရတဲ့ကျောင်းလေ Minhyung လေး ဒီလို ကျောင်းမတက်ချင်ဘူး ဒီတိုင်း သာမန်ကျောင်းလေးပဲ တက်ချင်တယ်
Jae- ဘာလို့လဲ Minhyung လေးရဲ့ ဒီကျောင်းက ချမ်းသာပြီး စာကြိုးစားတဲ့သူတွေပဲရှိတာလေ Minhyung လေးက ဘာအဆင်မပြေတာရှိလို့လဲ?
Mark - ငယ်ငယ်ကတည်းက Minhyung ဒီလိုကျောင်းတက်လာတာ minhyung လေး တခြားကျောင်းနဲ့ ဘာကွာလဲ လေ့လာချင်လို့ ..
Ty- အမယ် စကားတွေတတ်နေတာ
Jae - okie အဲ့ဒါဆို Daddy ကျောင်းပြောင်းဖို့ လုပ်လိုက်မယ်နော်..
~~~~~~
Ten pov - ငါ့သားကို အနီးကပ် ပြန်ခေါ်ခွင့်မရရင်တောင် အဝေးကနေ ဂရုစိုက် ပေးရမယ်... ဟုတ်ပြီ...
~~~
B- အိမ်ရှင်တို့ ရှိပါသလား
Lele- ကိုကို အိမ်ရှေ့မှာဘာလဲမသိဘူး
Haechan - အွန်းအွန်း ကိုကို သွားကြည့်လိုက်မယ် leleလေးက မေမေ့ကို ခေါ်လိုက်
Lele- Nae
Haechan - ဘယ်သူပါလဲဗျာ
B - ပစ္စည်းမှာထားတာလေ လာပို့တာပါ ဒီအိမ်က Haechan တို့အိမ် ဟုတ်ပါသလား
Hc - ဟုတ် ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မမှာထားဘူးဗျ
B- လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါ
Lele လေး အိမ်နောက်ဖေး သွားတော့ G က သွေးတွေ အန်နေတယ် အဲ့ဒါကို lele ကမြင်တော့
Lele - omma Omma Gwincharna? သွေး သွေး ကိုကိုရေ...
G- ရှူး Chanကို မပြောပါနဲ့ lele လျိုဝှက်ပေးထားပါနော်
Lele- Nae
Hc- မေမေရေ ဒီမှာ ပစ္စည်းရောက်နေလို့ ဘာတွေလဲမသိဘူး
G - ဟင် ဘာပစ္စည်းမှလဲ မမှာထားပဲ
Hc- ဒီမှာ စာပါတယ် from Ten တဲ့ အဲ့ဒါ ဘယ်သူလဲဟင် မေမေ
G - ပေးပေး မေမေနောက်မှရှင်းပြမယ်
Lele- Wow လွယ်အိတ်က ၂လုံးတောင် စာတွေလဲ ကပ်ထားတယ်ရော် ကိုကို
Hc- အေးဆို စာအုပ်တွေရော ဘောလ်ပင်တွေရော အများကြီးပဲ
Lele- အတော်ပဲ မနက်ဖြန် ကျောင်းစဖွင့်မှာနဲ့ hee leleလေး lele ဟာလေးတွေ ယူသွားပြီနော်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥Hee ရေးတော့ရေးလိုက်ပြီ 🙈 idea ထွက်တုန်းလေး ကောက်ရေးလိုက်တာ 😁 ❤❤❤❤