ညက နောက်ကျမှ အိပ်ပြီး မပိတ်မိတဲ့ပြတင်းပေါက်ကနေ တစ်ဆင့်နေရောင်ခြည်က အခန်းတွင်းသို့ဖြာကျလျက်ရှိသည်......။မိုးရနံ့သင်းသင်းလေးလည်း ရနေတာကြောင့်သူမျက်လုံးများမဖွင့်မိခင် ပြုံးလိုက်မိတယ်.....။
မိုးရာသီကို နှစ်သက်တယ်!
မိုးရေတွေ ကြားထဲ လမ်းလျောက်ရတာကို ကြိုက်တယ်!အတွေးထဲ ဖြတ်ခနဲသတိရမိလိုက်တာက.....ဒီနေ့ အရေးကြီးတဲ့ နိုင်ငံခြားဧည့်သည်တွေကို ကိုယ်တိုင်သွားကြိုပေးရမှာဆိုတော့ အိပ်ယာကထမှဖြစ်တော့မည်.....။
Gym ဆော့တာကြောင့် ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်အချိုးအစား ချောမောပြေပြစ်လှတဲ့ရုပ်ရည်တွေကြောင့် အိမ်ထောင်ကျပြီးတာတောင် သူ့ကိုလိုချင်တဲ့သူတွေ ရှိတုန်း.......။
"Morning မောင်....ယွန်း မနက်စာပြင်ပေးထားတယ်နော်! "
အင်္ကျီလက်ခေါက်နေရင်း သူဆင်းလာတာမြင်တော့.....ထမင်းစားခန်းထဲကနေပြာပြာသလဲထွက်လာကာ မျက်နှာချိုသွေးသည်!
အပိုတွေ...!
ပိုက်ဆံကြောင့်သာ မဟုတ်ရင် သူမက လက်ထပ်ခဲ့မှာလား??
အဟက်~~ ငွေမက်ပြီး အတင်းယူခဲ့တာများ မြေခွေးလို ကောက်ကျစ်တဲ့မိန်းမ!ဆယ်ဟွန်း ခပ်တည်တည်နဲ့ ထိပ်ဆုံးမှာ ဝင်ထိုင်တော့ ဘေးနားမှာလာရပ်နေပြန်တယ်!
ကျစ်!! စိတ်ပျက်စရာ....!
"မင်းကို ငါဘယ်နှစ်ခါပြောမှနားလည်မှာလဲ? ဟမ်!! မိုးလင်းတာနဲ့ မင်းမျက်နှာမမြင်ချင်ဘူးပြောထားတယ်လေ မှတ်မထားဘူးလား?? "
"ဟို....မောင် ဘာများလိုအပ်ဦးမလဲဆိုပြီး! "
"မင်းမျက်နှာမြင်နေရတာကလွဲလို့ ကျန်တာအဆင်ပြေတယ်!! "
"ယွန်း.....တောင်းပန်ပါတယ်နော် မောင်! "
ဆယ်ဟွန်း လည်း..... ခေါင်းငုံ့ချကာတောင်းပန်နေတဲ့ သူမကိုအနိုင်ယူတဲ့အကြည်နဲ့ကြည့်ကာ မျက်စိရှေ့ဖိနပ်စီး ထားတဲ့ခြေထောက်တစ်ဖက်ကိုချပေးလိုက်တော့ အလိုက်သိစွာ!
ဒူးတုပ်ထိုင်ချပြီး အဝတ်တခုနဲ့ ပြောင်လက်နေတဲ့ ဖိနပ်ကိုထပ်ပြီးတိုက်ပေးရသည်!
ဆယ်ဟွန်း လိုချင်တာ.....ဒါဘဲလေ!
လွတ်လပ်စွာ နေချင်တဲ့သူ့ဘဝကိုအိမ်ထောင်သည်ဆိုတဲ့..... အချုပ်နှောင်ခံရတဲ့ဘဝထဲ ရောက်အောင်သူမလုပ်ခဲ့တာလေ!
အဲ့တော့ ဒီလောက်တော့ပြန်ပေးဆပ်ရမှာပေါ့~
YOU ARE READING
// 𝙇𝙤𝙫𝙚𝙡𝙮 𝘾𝙝𝙖𝙣 // {Completed }
Fanfictionအတွေး ကမ္ဘာထဲမှာတော့ Happy Ending ~ ကိုယ်ကလည်းကလေးကို သိပ်ချစ်တယ်~ ကလေးကလည်း ကိုယ့်ကို သိပ်ချစ်တာတဲ့~ အတွေး ကမ္ဘာထဲမှာတော့ Happy Ending ~ ကိုယ်ကလည်းကလေးကို သိပ်ချစ်တယ်~ ကလေးကလည်း ကိုယ့်ကိ...