မင်္ဂလာပါ။
Wattpad မှာအခုမှ ပထမဦးဆုံးစာ စရေးဖူးတဲ့ ဘာဆိုဘာမှ မဟုတ်တဲ့ စာရေးသူတစ်ယောက်သက်သက်ပါ။ ဇာတ်လမ်းတွေစရေးဖူးတာတော့ ၇ တန်းလောက်ထဲကဆိုပေမယ့် အခုချိန်အဲဒီတုန်းက ရေးထားခဲ့တဲ့စာတွေပြန်ဖတ်ရရင်ကို ကိုယ့်အရေးအသားကို တော်တော်လေးရယ်နေရတာပါ။ နောက်ပြီး မကောင်းတာတစ်ခုက ဇာတ်လမ်းကအဆုံးမရှိခဲ့တာပါ။ ကိုယ့်အတွေးထဲမှာတော့ အဆုံးသတ်ထိရှိပေမယ့် တကယ်တမ်းလက်တွေ့မှာ ပြန်မရေးနိုင်ခဲ့ဘူး။စရေးခဲ့တာက ကိုရီးယားဇာတ်လမ်းလေးတွေရေးတယ်။ နောက် idol နဲ့အတူ နောက်ထပ်ဇာတ်ကောင်အသစ်လေးတွေမွေးတယ်။ အဲဒီတုန်းကတော့ normal ဇာတ်လမ်းလေးတွေပေါ့။ စိတ်မကောင်းစရာတစ်ခုက ကိုယ်ဖန်တီးသလိုလိုက်ကခဲ့ရတဲ့ idol တွေပါတဲ့ boy band နှစ်ဖွဲ့လုံး member အချို့ ထွက်သွားကြတယ်။ Entertainment နဲ့ ပြဿ နာတွေတက်ခဲ့ကြတယ်။ ဆက်တောင်မရေးရက်တော့တဲ့အထိ တော်တော်လေးလည်း ဝမ်းနည်းခဲ့ရတယ်။ တိုက်ဆိုင်သွားတာပါလို့ မှတ်ယူလိုက်ချင်ပေမယ့် အယူသီးတဲ့ကိုယ့်အတွက်တော့ fan fiction လိုဇာတ်လမ်းတွေထပ်မဖန်တီးဖြစ်တော့ဘူး။
ဒါပေမယ့် ၂၀၁၅ မှာ သူငယ်ချင်းတစ်ယောက်ကြောင့် Wattpad နဲ့ရင်းနှီးခွင့်ရခဲ့တယ်။ BL တွေကို English လိုတွေဖတ်ခဲ့ရာကနေ ၂၀၁၇ လောက်မှာ ကံကောင်းစွာနဲ့ OCကို မြန်မာလိုရေးထားတာလေးကို ဖတ်ခွင့်ရခဲ့တယ်။ အဲ့ဒီအချိန်တည်းက တစိုက်မတ်မတ်ဖတ်ခဲ့တာ အခုချိန်ထိပဲ။ နောင်လည်းဖတ်နေဦးမှာပါ။
ဖတ်ရင်းနဲ့မှ ဖိနှိပ်ထားတဲ့သွေးက ပြန်ကြွလာတော့ ဇာတ်ကောင်လေးတွေ ဖန်တီးချင်လာတယ်။ လေးစားအားကျရတဲ့ author တွေလိုမျိုး ကိုယ်ပိုင်ဇာတ်ကောင်လေးတွေ ဖန်တီးချင်လာတယ်။ အဲဒီလိုနဲ့ အကြမ်းထဲမှာ စရေးထားဖြစ်တယ်။
အခုရေးတဲ့ ဇာတ်လမ်းလေးက ပထမဦးဆုံးအနေနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အစောပိုင်းတည်းက စဉ်းစားထားသလို Mini story ပုံစံမျိုးလေးရေးခဲ့တယ်။
ကိုယ်ပိုင်ဇာတ်ကောင်လေးဆိုပေမယ့် တကယ်တမ်းတော့ ဇာတ်လမ်းကျောရိုးလေးက သူငယ်ချင်းရဲ့ အဖေနဲ့အမေရဲ့ဇာတ်လမ်းလေးပါ။ ဝမ်းနည်းဖွယ်ကောင်းခဲ့တဲ့ ဖြစ်ရပ်မှန်လေးမို့လို့ သူငယ်ချင်းဖြစ်သူကို အတွင်းကျကျ မမေးရက်ခဲ့ဘူး။ ဘဝမှာတော့ ဘယ်တော့မှ မမေ့နိုင်မယ့် ဖြစ်ရပ်လေးတစ်ခုမို့ အဲဒီရဲ့ ဇာတ်လမ်းကျောရိုးသေးသေးလေးကို ယူပြီး ကိုယ်ပိုင်ဇာတ်ကောင်တွေနဲ့ BL story အဖြစ်ဖန်တီးခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တစ်ယောက်ရဲ့ character ရယ် ဇာတ်ကွက်လေးတစ်ခုရယ်ကလွဲရင် နာမည်ကအစ ကျန်တာတွေအားလုံးက စိတ်ကူးယဉ် ဖန်တီးမှုသက်သက်ဆိုတာကို အရိုးသားဆုံးဝန်ခံချင်ပါတယ်။
YOU ARE READING
"Rebel of Heart"