Ep..1

8.6K 481 28
                                    

For Zawgyi

ဧကမည်​မျှမခန့်​မှန်းနိုင်​​သော ခြံကျယ်​ကြီးတစ်​ခုထဲသို့ ညင်​သာစွာ​မောင်းဝင်​လာ​သော ကားအမည်း​လေးတစ်​စီး...

အထပ်​မြင့်​အ​ဆောက်​အဦးမဟုတ်​ပါပဲ ဂျပန်​ရိုးရာ အိမ်​​တော်​​တွေသာ ခမ်းနားစွာ ​ဆောက်​ထားသဖြင့်​ မသိသူအဖို့ ယခင်​​ခေတ်​ကနန်း​တော်​ကြီးတစ်​ခုဟုပင်​ထင်​နိုင်​​လေသည်​၊....

"ယာမာအီ စံအိမ်​"

ရွှေ​ရောင်​အနားသတ်​များဖြင့်​ချိတ်​ထား​သော သစ်​သား​ဘောင်​ကြီးက ထိုအိမ်​​တော်​အားပို၍အသက်​ဝင်​​စေသည်

ကား​ပေါ်မှတည်​ငြိမ်​စွာဆင်းလာ​သော လူငယ်​က ​ကျောင်းဝတ်​စုံuniformကိုဝတ်​လျှက်​ မျက်​နှာက​တော့ ​အေးစက်​မာ​ကျော​နေသည်​..နဖူး​ပေါ်သို့လှန်​တင်​ထား​သောဆံပင်​ အနက်​​ရောင်​​တွေနှင့်​ စိုပြည်​​သောအသားအရည်​​ကြောင့်​ နှစ်​ခါပြန်​​ငေး​မောရမည့်​လူ​ချောတစ်​ဦးပင်

သခင်​​လေး...

အိမ်​​တော်​ထဲသို့ဝင်​လိုက်​သည်​နှင့်​ ကိုယ်​ကိုကိုင်းကနှုတ်​ဆက်​ကြ​သော လူများကို တစ်​ချက်​မျှသာ​ဝေ့ကြည့်​ပြီးသူအ​ပေါ်တတ်​လာခဲ့သည်​....

သူ့အမည်​က ဂျွန်း...ဂျပန်​မှဖခင်​၏မျိုးရိုးနှင့်​ဆို​တော့ ယာမာအီဂျွန်း...ကိုရီးယား ဂျပန်​ကပြားတစ်​​ယောက်​ဖြစ်​ပြီး ယာမာအီ၏​နောက်​ဆုံး​သောမျိုးဆက်​....

ဂျွန်း​ရေချိုးပြီးသည်​နှင့်​ ဆံပင်​​တွေကိုပြန်​လည်​သပ်​တင်​ကာ ဂျပန်​ရိုးရာ ဝတ်​စုံနီညို​ရောင်​ကို လဲလှယ်​လိုက်​ပြီး
အစည်းအ​ဝေးလုပ်​ရာ အိမ်​​တော်​သို့ထွက်​လာခဲ့လိုက်​သည်​...

အပြင်​မှာ မဝတ်​မဖြစ်​မို့သာ အခြားဝတ်​စုံ​တွေကိုဝတ်​ရ​သော်​လည်း အိမ်​ပြန်​​ရောက်​လျှင်​အမြဲရိုးရာဝတ်​စုံကိုသာဝန်​ရသည်​...ဒီအတွက်​သူ့မှာကြိုက်​သည်​မကြိုက်​သူဆိုတာမရှိ...ဂျွန်းဟူ​သောသူသည်​ ခံစားချက်​မဲ့လူတစ်​​ယောက်​ဖြစ်​​နေခဲ့တာကြာ​ချေပြီ......
.
.
.
...............................

Sakura story💞🌸Where stories live. Discover now