ep..4🌸

2.5K 410 43
                                    

တရားရုံးထဲကပြန်ထွက်လာတော့ ဆော့ဂျင်မျက်နှာတစ်ခုလုံး စူပုတ်ကာ ရဲတွတ်နေသည်..

ယောကျာ်းလေးနှစ်ယောက် လက်ထပ်မှတ်ပုံလာတင်တာကို ဘယ်သူက မအံသြပဲနေပါမည်နည်း..

ကြည့်နေကြသည့်မျက်လုံးပေါင်းများစွာအောက် သူက နေမထိထိုင်မထိဖြစ်နေသော်လည်း ဟိုကောင်က ခပ်တည်တည်ပင်.....

မင်းပြောသလိုပဲနော်..ငါဒီမှာမနေတော့ရင် ပြန်ကွာမှာ""

ဂျွန်းဘာမှမပြောပဲ ကားစက်ကိုဖြည်းဖြည်းလေးနှိုးလိုက်သည်..ဒီလူသားကိုတရားဝင်ပိုင်ဆိုင်ရပြီဟူသောအတွေးက သူ့ ကမ္ဘာကိုပန်းတွေဝေစေသည်...

ဘာစကားမှပြန်မပြောသည့် ဂျွန်းဆိုသည့်ကောင်ကိုတစ်ချက်ဘုကြည့်ကြည့်ကာ ဆော့ဂျင်ကားအပြင်ဘက်သို့ငေးလိုက်သည်...ဖြောင့်ဖြူးနေသော အဝေးပြေးလမ်းမကြီးတစ်လျှောက်ကို အဓိပ္ပာယ် မဲ့ငေးနေမိသည်.

အရင်က မျိုးနွယ်စုအချင်းချင်းသာ သိရုံ သူတို့လက်ထပ်မှုက အခုတကယ့်တရားဝင်ကြီးဖြစ်သွားကြပြီ..
သူအစကငြင်းဆန်သော်လည်း အာဏာဆန်သော ဂျွန်းစကားတွေက ငြင်းမရအောင်လက်ခံစေသည်....

"မင်းငါနဲ့ လက်ထပ်မှတ်ပုံတင်မှ ဒီနိုင်ငံသားဖြစ်မှာ..""

"'မင်းKoreaပြန်တော့မယ်ဆိုတာနဲ့ ကွာပေးမယ်""

ထိုစကားတွေက ငြင်းနိုင်စရာမှမရှိတာပဲ...
ဟုတ်ပါတယ်လေ...စာချုပ်လေးတစ်ခုပဲ...
သူတို့ပဲ သိတဲ့ စာချုပ်လေးတစ်ခုပါပဲ.......

................................🌸🌸

ဟေး...မင်းမပြီးသေးဘူးလား??

သူ့အဆောင်တံခါးကို ပုတ်ကာအော်လိုက်သံကြောင့် ဂျင် မှန်ကြည့်နေရာမှ မျက်မှောင်ကုတ်လိုက်မိသည်..

ဝင်ခဲ့...""

အံမယ်..လေသံက..ဘယ်သူမှစေ့စေ့မကြည့်ရဲသော ယာမာအီ၏သခင်လေး သူ့ကို ပြောလိုက်တဲ့ပုံက..

တံခါးကို ဆောင့်ဆွဲကာ အထဲဝင်တော့ မှန်ရှေ့မှာအလုပ်ရှုပ်နေသည့် ကိုယ်တော်ချော...သူ့ကိုမြင်တော့ ထုံးစံအတိုင်းပေကပ်ကပ်ကြည့်ကာ. ...

Sakura story💞🌸Where stories live. Discover now