Love Bitter ,VKOOK Ep-6
-
-
Jung Kookတျောက်ကိုယ်ပူချိန်တွေတအားများနေတော့ထယ်မီးဖိုချောင်ဘက်ဆင်းလာခဲ့သည် ပီးတော့မှရေဇလုံထဲရေအပြည့်ထည့်ကာတဘက်အဖြူကိုကိုင်ပီးသူ့အခန်းထဲဝင်လာခဲ့သည်
ကိုယ်တော်ကချမ်းလွန်းလို့ထင်သည်စောင်ထဲပုစွန်ထုပ်လိုကွေးနေလိုက်တာများ ခုတော့သူဘလိုမှမာနမကြီးနိုင်တော့ဘူးလေ"Jung Kook ရေပတ်တိုက်ပေးမယ်နော်"
ထယ်လဲသူခြုံထားသည့်စောင်ကိုခွာယူလိုက်ပီးရေစိမ်ထားသည့်အဝတ်ဖြငိ့သူ့မျက်နှာကိုညှင်သာစွာသုတ်ပေးနေသည် အင်းကျီကလဲချွေးတွေနဲ့စိုနေတော့ထယ်ကိုယ်တိုင်ပဲသူ့ကိုကြယ်သီးတွေဖြုတ်တော့သူ့ကမျက်လုံးမဖွင့်ပဲညီးညူကာပြောနေသည်
"ဟာ....မင်းဘာလုပ်တာလဲ😖"
"Jk ထယ်လုပ်ပေးသလိုနေပါ ရှင့်ကိုအင်းကျီလှယ်ပေးမလို့"
"ရတယ် မလိုဘူး မင်းသွားလို့ရပီ "
"Jk ရှင်တော်တော်ပြောရခက်ပါလား ငြိမ်လို့နေ"
နောက်ဆုံးတော့လဲကိုယ်ကနေမကောင်းဖြစိနေသူကိုး ထယ်လုပ်ပေးသည့်အတိုင်းသာငြိမ်နေလိုက်သည် သူ့အင်းကျီကြယ်သီးတွေအကုန်ပြုတ်သွားတော့သူ့ကိုယ်လုံးကြီးကိုထူပေးရသည် တကယ်တော့သူ့ကိုဖက်ထားကာမ.ထူလိုက်ရခြင်း မောလိုက်တာ ချွေးတွေကိုပြန်လို့
အဖျားရှိန်နဲ့ကြောင့်သူ့ထယ့်ကိုမှီထားကာငြီးနေရှာသည် သူ့ရဲ့ဗလာဖြစ်နေတဲ့အပေါ်ပိုင်းကိုရေပတ်တိုက်ပေးပီးအင်းကျီအဖြူတထည်လှဲပေးလိုက်သည် ဗီရိုထဲမှာဆိုရင်အင်းကျီအနက်ကပိုများနေသလို.....!"Jk ခဏလှဲနေလိုက်နော် ထယ်ဆန်ပြုတ်သွားပြုတ်ခိုင်းလိုက်မယ်"
"အင်း "
သူ့ကိုအိပ်ယာထက်အသာလေးလှဲပေးခဲ့ပီးစောင်အပါးတထည်ခြုံပေးလိုက်ပီးအောက်ထပ်ကိုဆင်းလာခဲ့သည်