🌱One🌱

2.9K 199 1
                                    

Park chanyeol
စီးပွားရေးလောကမှာအသက်၂၈နှစ်နှင့်ပင်
အောင်မြင်ကျော်ကြားနေသည့်သူ
စီးပွားရေးလောကထဲလွန်ခဲ့သော ၃ နှစ်ကမှ
စတင်ဝင်ရောက်လာခဲ့ပေမဲ့ အခုဆိုရင်
ကိုရီးယား နိုင်ငံရဲ့အအောင်မြင်ဆုံး
စီးပွားရေးလုပ်ငန်းရှင်အယောက်၂၀တွင်
နံပါတ် ၁၀ဝင်တဲ့လုပ်ငန်းရှင်တစ်ဦး
အခုလက်ရှိမှာဆိုရင်တစ်ကိုယ်တည်းသမား
တည်ကြည်တယ်၊ ခန့်ညားတယ်၊
အနေအေးတယ်၊ ကြည့်ကောင်းတယ်၊
ရုပ်ချောတယ်
ဒါဘဲ လူတိုင်းသိတဲ့သူရဲ့အကြောင်းကဒါဘဲ
ဒါတောင်အတွင်းလူတွေရဲ့စကားပါ
လူလုံးလည်းသိပ်မတွက်ပြဘူး
သတင်းလောကကသတင်းသမားတွေက
လည်းသူကိုအင်တာဗျူးလို့လည်းမရဘူး
ဒါကြောင့် ယုတ်စွအဆုံး
သူမိသားစုအကြောင်းတောင်မသိကြဘူး

"အတွင်းရေးမှူးkim
ဒီနေ့အတွက်အချိန်စာရင်းမှာဘာတွေ
ကျန်သေးလဲ"

"မကျန်တော့ပါဘူး သူဌေး
ဒီစာရင်းတွေစစ်ပြီးရင်ပြီးပါပြီ"

"ဒါဆိုရင် ကျွန်တော်ပြန်တော့မယ်
သိပ်နေလို့မကောင်းလို့"

"ဟုတ်ကဲ့ပါ သူဌေး
ကျန်းမာရေးဂရုစိုက်ပါ သူဌေး"

"အင်း မနက်ဖြန်အတွက်အချိန်ဇယားကို
ညကျရင်အီးလ်မေး နဲ့ပို့ပေးပါ"

"ဟုတ်ကဲ့ပါ သူဌေး"

Chanyeol မှာစရာရှိတာမှာပြီး
အခန်းထောင့်မှာချိတ်ထားသည့် long coat
ကိုဝတ်ပြီးလက်ဆွဲအိတ်နှင့်ကားသော့ယူကာ
ကားပါကင်ကိုဆင်းလာသည်

ဒီနေ့သူသွားစရာရှိပါသည်
အရင်ဦးဆုံး သူမှာထားတဲ့မုန့်တွေကို
ဟိုတယ်မှာသွားယူမယ်
ပြီးရင်ဘူဆန်ကဂေဟာကိုသွားမယ်

မလှပခဲ့တဲ့သူရဲ့အတိတ်တွေကို
ပြန်ပြအမှတ်မရချင်ပါ
မေ့မေ့ပျောက်ပျောက်ဖြစ်အောင်လည်း
ကြိုးစားနေထိုင်မည်

လက်ရှိပစ္စုပ္ပန်ကာလမှာသူ့အတွက်
ပျော်ရွှင်စရာတွေဖြင့်သာနေထိုင်သွား
ချင်သည်

ဂေဟာဝန်းထဲကိုမိမိရဲ့ကားဝင်လာသည့်
ကိုမြင်သည်နှင့်ကလေးများကသူ့ရဲ့ကား
ဆီပြေးလာကြသည်

"ဦးဦး မလာတာကြာပြီ
သားသားကသတိရနေတာ"

ကားပေါ်ကဆင်းလာသည့်နှင့်
မိမိရဲ့ဘောင်းဘီးစကိုဆွဲကာအလုအယက်
စကားပြောနေကြသည့်အပြစ်ကင်းသည့်
ကလေးငယ်တွေ

🌱Pa chan🌱Where stories live. Discover now