" ဟို … KimJongin လားမသိဘူး "
Jongin ကသူ့လက်ထဲက သောက်လက်စ ကော်ဖီခွက်
လေးကို ပန်းကန်ပြားထဲပြန်ချလိုက်ရင်း အသံလာရာကို
မော့ကြည့်လိုက်သည် … တက္ကသိုလ်ကျောင်းသားပုံစံ
မျက်မှန်အဝိုင်းလေးလေးထဲက မျက်လုံးများက Jongin
ဆီက အတည်ပြုချက်တစ်ခုကိုမျော်နေတယ် …Jongin ကသူ့ရှေ့ကကောင်လေးကို သေချာအကဲခက်
လိုက်ရင်း သူ့ရဲ့နှုတ်ခမ်းကိုပြုံးလိုက်ကာ … အရှေ့မှ
Kyungsoo ဟုယူဆရသော ကောင်လေးအား ခေါင်း
ငြိမ့်ပြလိုက်သည် ." ထိုင်ပါ မင်းက Kyungsoo လား "
" ဟုတ် "
လူကြီးလူကောင်းပုံစံအနောက်တိုင်းဝတ်စုံကိုသပ်ရပ်စွာ
ဝတ်ထားသော လူကြီးက Suli ပြောသလို သူ့အကိုက
ဆရာဝန်မို့အနေတည်တယ်တဲ့ နင်နဲ့တွေ့ဖို့တောင်သူ
က duty တစ်ခုကိုတောင်ဖျက်လာမှာဆိုပဲ !! Jongin
ဆိုသော Suli ရဲ့အကိုကို Kyungsoo အနေနဲ့ ပထမ
ဆုံးတွေ့ဖူးပေမဲ့ စိတ်ထဲမှာတော့ ပုံစံကြည့်ရုံဖြင့်အတော်
လေးကို ထူးချွန်တဲ့ယောက်ျားတစ်ယောက်ဆိုပြီး အမှတ်
ပြည့်ပေးလိုက်တယ် …အဲ့နောက်Jongin ဟာသူ့အရှေ့ကကောင်လေးအတွက်
ကော်ဖီတစ်ခွက်ထပ်မှာလိုက်သည် …" ဒါဆိုမင်းက Suli ရဲ့သူငယ်ချင်းပေါ့ "
" ဟုတ် … ဟုတ်ပါတယ် "
" အင်း ~ သူကငါ့ကိုအရမ်းမင်းနဲ့တွေ့စေချင်တာ "
" ဟုတ် "
Jongin ကသူ့ကို နည်းနည်းလန့်နေပုံထောက်သော
ကောင်လေးကိုကြည့်ပြီး ပြုံးလိုက်မိတယ် ဘာလို့ဆို
ထိုကျောင်းသားလေးပုံစံက တစ်ခါမှချိန်းတွေ့ဖူးပုံမပေါ်
ဘူး !!" ဒီနေ့တော့ Suli စိတ်ချမ်းသာအောင်ကိုယ်တို့ တစ်
နေရာရာသွားသင့်တယ်ထင်လား ? "" ဟမ် "
Kyungsoo က Jongin မျက်လူံးဖြင့်အချက်ပြသော
နေရာကိုကြည့်လိုက်တာနဲ့ သူ့ကိုပုန်းဖို့မှန်တံခါးအ
နောက်ကိုနေရာယူလိုက်သော Suli ကြောင့် ပါးစပ်အ
ဟောင်းသားဖြစ်သွားသည် !! တကယ်ပဲ သူမ အနောက်
ကတောင်လိုက်ချောင်းနေတာလား ? သူ့အကိုနဲ့တကယ်
ကြီးပေးစားချင်နေတာတော့ မဟုတ်ပါဘူးနော် ?