ဂူလျော ခေတ် * ၁၅ ရာစု …
စီပွားရေးအရ ဆားလုပ်ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေ
သော ထယ်ယမ်း မြို့လေးသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်
တာကြောင့် နိုင်ငံခြားသားတို့ အပြားအများသွားလာနေ
ကြသော ဂူလျောနိုင်ငံတော်ရဲ့ အစွန်းအဖျား မြို့လေးဖြစ်
သည် …ထိုကဲ့သို့ ချမ်းသာကြွယ်ဝသော မြို့လေးကို ဘုရင်ခံ ကင်
ကအုပ်ချုပ်ပြီး နှစ်စဉ် ဂူလျောမင်းကြီးထံ ဆားတင်းပေါင်း
၃ သိန်းကို အခွန်ဆက်သရသော်လည်း ထယ်ယမ်း ၏
စီးပွားရေး အခြေအနေက လျော့ပါးသွားသည်မရှိဘူး !ထယ်ယမ်း မြို့ထဲကို ဝင်လိုက်တာနဲ့အများဆုံးတွေ့ရမှာ
က အနီရောင်မီးပုံးတွေချိတ်ဆွဲထားသော ကခြေသည်
ခန်းမများဖြစ်ပြီး … စောင်းသံများကတော့ လမ်းမတွေ
တလျှောက် လှပငြိမ့်ညောင်းစွာ ကြားနေရမည် …
ထယ်ယမ်းမြို့လေးဟာ ကောင်းကင်ဘုံ တစ်ခုဟု လာ
ရောက်ကျသော ခရီးသွားတဲ့လူများနဲ့ စီးပွားရေးလုပ်သူ
များပြောတတ်ကျပြီး … ကခြေသည်များရဲ့ လှပခြင်းတွေ
ကို အကောင်းဆုံး ကဗျာများရေးစပ်ကြသည် …………ဒါကြောင့် ကဗျာတို့ရဲ့အစဟာ ထယ်ယမ်း မှာချိတ်ဆွဲထား
သော အနီရောင်မီးပုံးလေးတွေက စသည်ပေါ့ …ပန်းနုရောင်ဇာပဝါအောက်က ဟန်ဆောင်အပြုံးများကို
ထယ်ယမ်း ပြည်သူများက စာပေတွေရေးစပ်ကြပြီး သူတို့
မြို့ရဲ့ ကခြေသည်တွေဘယ်လောက်လှကြောင်းကိုပြော
တတ်ကြသည် …ဒီထက်အများဆုံး ချီးကျူးကြတာကတော့ ဟွား …(ပန်း )
အပျော်ဂေဟာက ကခြေသည်များအကြောင်းဖြစ်သည် …
နတ်သက်ကြွေသော နတ်သမီးလေးတွေဖြင့် ပြည့်နေ
သော ဟွား … ရဲ့ အုပ်ချုပ်သူမှာ ယောက်ျားလေးဖြစ်သည်
ကတော့ အတော်လေးထူဆန်းတဲ့ကိစ္စဆိုပေမဲ့
ဟွား သခင်လေးကို ဘယ်သူမှမမြင်ဖူးကြဘူး !!!လူအများကတော့ ဒီလိုလှပခြင်းတွေကို လက်ဝယ်ပိုင်ဆိုင်
ထားသော ဟွား သခင်လေးကို ကွယ်ရာကနေ မနာလို
ကြပြီး … ဘုရင်ခံကင် ကိုယ်တိုင်တောင် ဟွားသခင်လေး
ကို မမြင်ဖူးဘူး !! ဟွား ကိုရောက်တာနဲ့ ပထမဆုံးလုပ်
ရမယ့် တစ်ချက်က ဟွား သခင်လေးကို ရှာပါတဲ့ … ဘာ
လို့ဆို ဟွား သခင်လေးကို မြင်ဖူးတဲ့လူက အတော်လေး
ကို ကံကောင်းနေတဲ့လူပဲ ! အဲ့လူက ဟွား သခင်လေးရဲ့
အကြောင်းကိုသာ ထပ်ပြီး ဘုရင်ခံကင် ဆီသွားပြောပါက
မြို့စားရာထူးပါ ရနိုင်သည် …
